Chapter-406

7.1K 1.3K 19
                                    

Unicode
အပိုင်း၄၀၆: အဓိကဇာတ်ဆောင်၏အရောင်အဝါ

ချောင်ဝူရွှမ်း၏စကားများက တင်းမာလုဆဲဆဲ
ပတ်ဝန်းကျင်အား ချက်ချင်းပြေလျော့သွားစေ၏။

သူ့ဆိုလိုရင်းကို ဟွမ်ဖူလီက
ရှင်းရှင်းလင်းလင်းသိလိုက်ပြီး သူ့ဒေါသကို
ချက်ချင်းထိန်းလိုက်ကာ အချင်းချင်းနားလည်မှုနဲ့
ပြန်မေးလိုက်သည်၊
"ချောင်ဝူရွှမ်း၊ မင်းပြောတာ ဘာကိုဆိုလိုတာလဲ?"

ချောင်ဝူရွှမ်းကပြန်ဖြေလိုက်၏၊
"ကျွန်တော်ခုနကပြောလိုက်တာက ကျွန်တော့်ရဲ့
ထင်မြင်ချက်တွေထဲကတစ်ခုပါပဲ။ ဒါပေမယ့်
ဒီလိုနိဂုံးချုပ်လိုက်တာရဲ့ ဖြစ်နိုင်ချေက အရမ်း
နည်းပါတယ်၊ တစ်ရာခိုင်နှုန်းတောင်မရှိဘူး။
ဘာလို့လဲဆိုတော့ မြေအောက်နန်းတော်ရဲ့ဖွဲ့စည်းပုံကို
လူတစ်ယောက်က ထူးပြီးသိနေနိုင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူး။ မဟုတ်ရင် ချန်မဟာမိတ်အဖွဲ့ကလဲ
ဒီသတင်းကိုရနေခဲ့မှာပေါ့။"

"အကိုချောင်၊ဒါကိုဘယ်လို အကြောင်းပြချက်မျိုးလဲ?" ရှုန်းရှောင်က
မေးလိုက်သည်။

"ဒါကသတ္တုစားသားရဲနဲ့ ပတ်သတ်နေနိုင်တယ်။"
ချောင်ဝူရွှမ်းကချက်ချင်းပဲ ပြန်ပြောလိုက်၏။
"စဉ်းစားကြည့်လေ၊ ငါတို့သတ္တုစားသားရဲနောက်ကို
စပြီးလိုက်ဖမ်းကတည်းက ဘယ်သူကများ
အဲ့အကောင်ကိုမြင်ခဲ့လို့လဲ? အဲ့ဒီ့အကောင်က
မြေအောက်နန်းတော်တစ်ဝိုက်ကို ဘယ်လောက်ပဲ
ရင်းနှီးနေပါစေ သူသာတစ်ခြားသူလက်ထဲ
ကျသွားတာမဟုတ်ဘူးဆိုရင်
ငါတို့လိုက်ဖမ်းတာကနေ လုံးဝလွတ်မြောက်သွားဖို့
ဆိုတာမဖြစ်နိုင်ဘူး။"

ဤအဆိုပြုချက်ထွက်ပေါ်လာတာနဲ့ လူတိုင်းက
ရှော့ရသွား၏။

ယူမင်းရဲ့မျက်နှာအမူအရာက မှောင်မှိုင်းနေသည်။
သူ မိုင်းတွင်းတစ်ခုဆီ သတ္တုစားသားရဲနောက်
လိုက်ဖမ်းတုန်းကအချိန်ကို ပြန်တွေးကြည့်
လိုက်တယ်။ ဂူထဲမှာတွေ့ခဲ့ရတဲ့အလောင်းတွေက
သေချာပေါက်ကို သူ့လူတွေရဲ့အလောင်းတွေပဲ။
ဒီဟာကသာတကယ်အမှန်ဆိုရင်
သတ္တုစားသားရဲက ထိုလူများကိုသတ်လိုက်သည့်
လူလက်ထဲကျသွားခြင်းဖြစ်ပေမည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now