Chapter-495

6.4K 1.2K 127
                                    

Unicode

အပိုင်း၄၉၅- ကျွန်တော့်မှာကြံရာပါရှိတယ်

ရှင်းလော့မြို့အရှင်က ယူရှောင်းမိုကို
ဘယ်လိုလုပ်လွှတ်ပေးနိုင်မလဲ၊ သူ့ဘဏ္ဍာတိုက်
ကနေ ခိုးသွားတဲ့သူခိုးက နတ်ဆိုးသားရဲလေး
နှစ်ကောင်ဖြစ်နေတာ သိလိုက်ရပြီးနောက်
နောက်ထပ်စိတ်ကူးတစ်ခုပေါ် လာသည်။

သူ့ဘဏ္ဍာတိုက်ကို အရည်အသွေးမြင့်သတ္တု
တွေနဲ့ လုပ်ထားရုံမက သူကိုယ်တိုင်စည်းတံဆိပ်
တွေ ခင်းကျင်းထားသေးသည်။ သို့ပေမယ့်
ဒီနတ်ဆိုးသားရဲလေးနှစ်ကောင်က
လုံခြုံရေးအရံအတားတွေအားလုံးကို
ဖြတ်ကျော်သွားနိုင်ရုံမက ဘယ်သူမှသတိမပြုမိ
စေဘဲလည်း အထဲဝင်နိုင်သေးသည်။
ဒါကိုကြည့်မယ်ဆိုရင်တောင် ဒီနတ်ဆိုးသားရဲလေး
နှစ်ကောင်က သာမာန်သားရဲမဟုတ်တာ
ထင်ရှားနေသည်။

သတ္တုစားသားရဲလေးကိုတော့ သူမသိပေ၊
၎င်းက ရှေးဟောင်းဒဏ္ဍာရီလာနတ်ဆိုးသားရဲ
ဖြစ်သည်လေ ၊ သို့သော် ရွှေတောင်ပံပိုးကောင်များ
ကတော့ မတူပါချေ။ ၎င်းတို့က အလွန်တရာ
ကျော်ကြားလှ၏။

ရွှေတောင်ပံပိုးကောင်တစ်ကောင်ဆိုရင်ကို
ဝမ်းသာနေသင့်ပြီ ၊ ဒါပေမယ့် နောက်တစ်ကောင်
လည်းရှိသေးတယ်။ ဘာပဲလုပ်ရလုပ်ရ
နှစ်မျိုးစလုံးသူရ ရမယ်။

သူ့လက်ချောင်းကိုက်နေတာကို ရှင်းလော့မြို့အရှင်
ခံစားမိနေသည်။ ရွှေတောင်ပံပိုးကောင်ကိုက်တာ
တစ်ခါပဲခံရတယ်ဆိုပေမယ့် သူ့သွေးတွေ၊
စွမ်းအင်တွေအားလုံး စုပ်ထုတ်ခံထားရသလို
ခံစားရသည်။ ယူရှောင်းမိုလွတ်ထွက်သွားတဲ့
ဘက်ကို မျှော်ကြည့်ရင်း သူ့မျက်လုံးများထဲ၌
ဒေါသအရိပ်အယောင်များရော
လောဘစိတ်ရော လောင်ကျွမ်းလာသည်။

ယူရှောင်းမိုအတွက်တော့ ဆိုးဝါးလှသည့်
နေ့ပင်။ အဖက်ဖက်မှာရန်သူတွေအဝိုင်းခံ
ထားရတယ်။ နောက်တစ်ခေါက်ကျရင်
သတ္တုစားသားရဲလေးနဲ့ ရှောင်ဖင်းကို
ဗျူဟာဆိုတာဘာလဲ ၊ သောက်သုံးမကျတဲ့
အသင်းဖော်ရှိတယ်ဆိုတာဘာကိုဆိုလိုတာလဲ ၊
ဘယ်အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်
မသိချင်ယောင်ဆောင်နေရမလဲဆိုတာ
သင်ပေးထားရမယ်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now