Chapter-491

6.3K 1.2K 66
                                    

Unicode

အပိုင်း၄၉၁- မျက်လုံးများ

ကျန်းလျှို့၏အတွေးကို ခန့်မှန်းကြည့်နိုင်ရန်
မခဲယဉ်းပေ။ ယူရှောင်းမို ထုံထျန်းတိုက်မကြီးပေါ်
ရောက်လာပြီဟု သူထင်နေခြင်းဖြစ်သည်။
ဖန်ချန်းယွဲ့ က တစ်ဖက်လူ၏လေးစားရသည့်
တရှစ်ရှုန်းဖြစ်ပေသည်၊ ဖန်ချန်းယွဲ့ ကျန်းလျှို့လက်ထဲ
အဖမ်းခံလိုက်ရတာကို သိလျှင်
ယူရှောင်းမိုက ဒီတိုင်းထိုင်ကြည့်နေနိုင်မည်
မဟုတ်ပေ။

ယူ​​ရှောင်းမိုကို ခဏလေးနဲ့ဖမ်းမိတော့မှာကို
တွေးမိတဲ့အခါ ကျန်းလျှို့စိတ်မလှုပ်ရှားဘဲ
မနေနိုင်တော့ချေ။ ယူရှောင်းမိုကို သွေးစွေးနီကလန်က
အဘယ့်ကြောင့်အလိုရှိနေလဲ သူမသိသော်လည်း
ယူရှောင်းမိုမှာ သူတို့လိုအပ်တာတစ်ခုခု
ရှိနေတယ်ဆိုတာတော့ သေချာ၏။

သို့ပေမယ့်လည်း ထန်ကျုံးဟွာနှင့်ထန်ဟယ့်ကမူ
သူဘာတွေးနေလဲ ချက်ချင်းသဘောမပေါက်
ကြပေ။

ရှင်းလော့မြို့၌ ယင်ယန်တောင်ကြားမှ
အင်အားစုများရှိနေသော်ငြား
တစ်ဖက်လူရဲ့နောက်ခံကိုမသိပါဘဲနဲ့
သူစိမ်းတစ်ယောက်ကို ကြုံသလိုဖမ်းတာက
ရွေးချယ်သင့်သည့်အရာမဟုတ်ချေ။

ထို့ပြင် လူရွေးပွဲက မနက်ဖြန်ဖြစ်သည်။
သက်ရောက်သွားခံရနိုင်သည်လေ။

သူတို့တွေ မလှုပ်ရှားချင်ပုံပေါ် တာကိုမြင်တော့
သူတို့နှောင့်နှေးနေရတဲ့အကြောင်းအရင်းကို
ကျန်းလျှို့သိလိုက်ပြီး ခပ်တိုးတိုးနဲ့
အလောတကြီးပြောလိုက်တယ်၊
"ဒီလူကို ငါမှတ်မိတယ်။ သူကအလယ်လတ်ဆင့်
နယ်မြေကတစ်ယောက်ပဲ။ သူ့သရုပ်မှန်က
တော်တော်လေးထူးခြားတယ်။
သူ့ကိုဖမ်းတာ မင်းတို့ကိုကောင်းတဲ့အရာပဲ
ဖြစ်စေလိမ့်မယ်"

သူက အလယ်လတ်ဆင့်နယ်မြေမှဖြစ်လျှင်
နောက်ခံအင်အားမရှိဟုဆိုလိုသည်။

ကျန်းလျှို့က ဒီလူကိုဘာလို့ဖမ်းချင်နေလဲ
သူတို့မသိပေမယ့်လည်း သူကလိမ်ညာနေပုံ
မပေါ် ပေ။ ထန်ကျုံးဟွာက လင်းရှောင်ဆီ
ယုံတစ်ဝက်မယုံတစ်ဝက်နဲ့
လျှောက်သွားလိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now