Chapter-467

6K 1.2K 10
                                    

Unicode
အပိုင်း၄၆၇- လူစိမ်း

ယူရှောင်းမိုက အသက်ကြီးကြီးလူကို
လှည့်ကြည့်လိုက်တယ်။

ယူတန်က အလွန်အသက်ကြီးပုံပေါက်နေသော်
လည်း ခန္ဓာကိုယ်တောင့်၏။ သူက
လျှောက်လာပြီး ယူရှောင်းမိုကို
တစ်ခဏမျှစစ်ဆေးကြည့်လိုက်ကာ
"မင်းမှာရှိတာငါ့ကိုပေးပြီး သွားလို့ရပြီ"

ဒါက မြစ်ကူးပြီးတံတားဖျက်တာပဲ!

ကောင်းပြီလေ။ ဒီအဆိုက သိပ်တော့မသင့်တော်
ဘူး။

ယူရှောင်းမိုက ကျန်တဲ့မှော်အိတ်နှစ်လုံးကို
ဖြေးဖြေးချင်းဖြုတ်လိုက်ကာ တွန့်ဆုတ်တွန့်ဆုတ်နှင့်
ကမ်းပေးလိုက်သည်။ သူက ကိုးထပ်မြောက်နဲ့
ဆယ်ထပ်မြောက်ကို သွားကြည့်ချင်တာ
ဖုန်းချီယွင်က အဲ့မှာရှိဖို့များတယ်၊
သူ့ကို ဘာလို့အဲ့ဒီ့မှာထားလဲတော့သူမသိဘူး။

ယူတန်က အိတ်ကိုယူလိုက်ပြီးသူ့ကို
တစ်ချက်ကြည့်လိုက်သည် "ဘာလို့မသွားသေး
တာလဲ?"

ယူရှောင်းမိုက လာရာလမ်းအတိုင်းပြန်သွားရုံသာ
တတ်နိုင်သည်။

ယူတန်က ထိုနေရာမှာရပ်ပြီး
သူ့ပုံရိပ်ကရှစ်ထပ်မြောက်ဆီပျောက်ကွယ်သွားတာ
ကိုကြည့်နေပြီးမှ ကိုးထပ်မြောက်ဆီ
ပြန်သွားလေသည်။

ငါးစက္ကန့်အကြာတွင် ယူရှောင်းမိုရဲ့အရိပ်၊
မဟုတ်သေးဘူး၊ အစေခံမလေးရဲ့အရိပ်က
ရှစ်ထပ်မြောက်ရဲ့လှေကားမှာ ပြန်ပေါ် လာသည်။
ဤနေရာမှာ အစောင့်တွေရဲ့မြင်ကွင်းမှ
ကွယ်နေ၏။ သူ့ကိုယူတန်က
မောင်းထုတ်လိုက်တာကို အစောင့်တွေမြင်ပြီးပြီ
ဖြစ်တာကြောင့် ပေါ် ပေါ် ထင်ထင်သွားလို့
မရတော့ပေ။

အဲ့ဒီ့အခိုက်မှာ သူ့နောက်ဘက်ကနေ
ခြေသံတွေထွက်လာတယ်။

ယူရှောင်းမိုက သူ့ရဲ့ကိုယ်ပိုင်နယ်မြေထဲ
ဝင်တော့မယ့်အချိန်မှာ လင်းရှောင်က
သူ့နယ်မြေထဲ ဆွဲခေါ် လိုက်၏။

သူ့ခြေရင်းတွင် ယူဖင်းညီအစ်ကိုနှင့်
အစေခံမလေးရှိနေတယ်။ လင်းရှောင်
ဘာလုပ်ထားလဲတော့သူမသိပေမယ့်
ထိုသုံးယောက်မှာ မနိုးသေးချေ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now