Chapter-460

6.7K 1.2K 25
                                    

Unicode
အပိုင်း၄၆၀- ဝါသနာမဟုတ်

တာဝန်ခံက ပုံးနဲ့နယ်မြေပြောင်းအဆောင်လက်ဖွဲ့ကို
ထုတ်လိုက်သည်။ ထို့နောက် ပုံးကိုဖွင့်ရန်
ကျောက်နံရံလျှို့ဝှက်အခန်းတစ်ခန်းသို့
သူတို့ကို ခေါ် သွား၏။

'မင်းရဲ့ကြွယ်ဝမှုကိုမမြင်စေနဲ့' လို့အဆိုရှိတဲ့အတိုင်း
ဝယ်ယူသူတွေကို မကောင်းတဲ့အကြံတွေရှိနေတဲ့
လူတွေဆီကနေကာကွယ်ပေးဖို့ သံသရာမျှော်စင်
က ပစ္စည်းများကိုလူရှေ့သူရှေ့တွင်
မဖွင့်ပေ။ သံသရာမျှော်စင်က
ပစ္စည်းများကို စွမ်းအင်ကျောက်တုံးအရေအတွက်နဲ့
အရင်ဆုံးအဖိုးဖြတ်မည်ဖြစ်ပြီး
ဈေးအမြင့်ဆုံးပေးထားတဲ့သူကို
ရွေးချယ်မည်ဖြစ်သည်။ ဒါကိုလဲ လူသိရှင်ကြား
ကြေညာမည်မဟုတ်ပေ။

သူတို့အုပ်စုက လျှို့ဝှက်အခန်းထဲဝင်သွားလိုက်
တာနဲ့ ယူရှောင်းမိုရဲ့မှော်ဆေးလုံးတွေကို
စစ်ဆေးပေးခဲ့တဲ့အကြီးအကဲက အထဲမှာ
ရှိနှင့်နေပြီဖြစ်၏။ ဒီတစ်ခေါက်တွင်လဲ
သူက အဖိုးဖြတ်ပေးရန်တာဝန်ကျလေသည်။

တာဝန်ခံက အဆောင်လက်ဖွဲ့နဲ့ပုံးကို
အကြီးအကဲရှေ့ရှိကျောက်စားပွဲပေါ် တွင်
တင်လိုက်သည်။

အကြီးအကဲက ပုံးကိုဖွင့်လိုက်ပြီး
ကတ်ခြောက်ကတ်ယူလိုက်ကာ တစ်ကတ်ကိုတော့
ဘေးမှာသပ်သပ်ဖယ်ထုတ်ထားလိုက်သည်၊
ထို့နောက် ကျန်ကတ်ငါးကတ်အတွက်
စတင်၍အဖိုးဖြတ်တော့သည်။

အကဲဖြတ်ရလဒ်ထွက်လာဖို့ သိပ်မကြာလိုက်ပေ။
အကြီးအကဲက လက်ထဲကကတ်တွေကို
အောက်ပြန်ချလိုက်ပြီး သူဘေးဖယ်ထားတဲ့ကတ်
ကို ယူလိုက်သည်။ " နယ်မြေပြောင်းအဆောင်
လက်ဖွဲ့ရဲ့ လေလံအောင်သူက ယူရှောင်းဟာ
ဖြစ်ပါတယ်"

" ငါလက်မခံဘူး!" ဖက်တီးက ရုတ်တရက်အော်
လိုက်သည်။

အကြီးအကဲကအေးအေးဆေးဆေးပြန်ဖြေလိုက်
တယ် " ဘာလို့လက်မခံနိုင်တာလဲ?"

ဖက်တီးက " ငါပေးတဲ့ဈေးက စွမ်းအင်ကျောက်တုံး
ဆယ့်ငါးသန်းနဲ့နီးနေပြီ၊ ဒီလူရဲ့ဈေးက
ဘယ်လိုလုပ်ငါ့ထက်မြင့်မှာလဲ?!"

အကြီးအကဲက နည်းနည်းလေးပင်အမူအရာ
မပြောင်းသွားချေ " သူက
အဆင့်မြင့်အဆင့်တစ်ဆယ်ဆေးလုံးတစ်လုံး
ပေးခဲ့တာ။ အရည်အသွေးနဲ့အခြေအနေကလဲ
သာမာန်အဆင့်တစ်ဆယ်ဆေးလုံးထက်
အများကြီးသာတယ်။ အဲ့လိုဆိုရင်
အောက်ခြေဈေးက ဆယ့်ငါးသန်းဖြစ်ပြီး
ဈေးတင်ရောင်းရင် သန်းနှစ်ဆယ်လောက်ထိ
မြင့်သွားနိုင်တယ်။ အဲ့တာက ဘာလို့
မင်းထက်မမြင့်ရမှာလဲ?"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now