Chapter-518

6.4K 1.1K 50
                                    

//Unicode//

အပိုင်း ၅၁၈- တစ္ဆေငိုညည်းတောင်ကြားရဲ့
ထျန်းကုံ

လိပ်ကလေးမှာက နာမည်မရှိသေးပေ။
မော့ကျင်းပြောတာတော့ လိပ်နက်မျိုးနွယ်စုက
ကလေးတွေကိုမျိုးနွယ်စုအကြီးအကဲတွေက
နာမည်ပေးအပ်တယ်တဲ့။ သို့ပေမယ့် ဒီလိပ်ကလေးက
မျိုးနွယ်စုရဲ့အပြင်ဘက်မှာမွေးဖွားခဲ့တာ
ဖြစ်တာကြောင့် အခုထိသူ့မှာနာမည်မရှိသေးပေ။

ယူရှောင်းမိုက လူတွေကိုနာမည်ပေးရတာ
အမှန်ပင်နှစ်သက်လေသည်။ လိပ်ကလေးမှာ
နာမည်မရှိတာကိုသိလိုက်ရပြီးတဲ့နောက်
သူ့စိတ်ထဲမှာစိတ်ကူးတစ်ခုပေါ် လာတော့သည်။

"လိပ်ကလေး...မင်းမှာနာမည်မရှိဘူးဆိုတော့
ငါကပေးမယ်ဆိုရင်ရောဘယ်လိုလဲ?
မင်းစကားမပြောရင် သဘောတူတယ်လို့ပဲ
မှတ်လိုက်မယ်။ မင်းကိုဘယ်လိုနာမည်ပေးသင့်လဲ?"

ယူရှောင်းမိုက လိပ်ကလေးရဲ့လိပ်အခွင့်အရေးကို
လျစ်လျူရှုထားပြီး သူ့ဘာသူရေရွတ်နေသည်။

လိပ်ကလေးကခြောက်လအရွယ်ပဲရှိသေးပြီး
စိတ်အသိစိတ်က ပြည့်ပြည့်ဝဝမပွင့်သေးဘူး။
ဒါ့ကြောင့် သူကလူသားတွေရဲ့စကားကို
နားလည်နိုင်စွမ်းမရှိသေးပေ။

မော့ကျင်းကသူ့ကို ယူရှောင်းမိုဆီပေးလိုက်သည်။
လိပ်ကလေးမှာ အနည်းငယ်သက်တောင့်သက်သာ
မရှိပဲဖြစ်နေ၏။ တစ်ခါတစ်ရံကျ သူ့မှာ
ထိတ်လန့်နေတဲ့ယုန်ကလေးလို ကိုင်အလှုပ်ခံရတယ်။
တစ်ခါတစ်ရံကျ ယူရှောင်းမိုရဲ့လက်ထဲမှာ
ကိုင်ထားခံရပြီးတော့ ကျောက်တုံးကြီးလိုမျိုး
မလှုပ်မယှက်နေနေရတယ်။ လိပ်တစ်ကောင်ရဲ့
ဘဝဟာ မလွယ်လှပါလား။

"လင်းရှောင် သူ့ကိုဘယ်လိုခေါ် ရင်ကောင်းမလဲ?"
ယူရှောင်းမိုမှာ အကြာကြီးစဉ်းစားနေသည့်တိုင်
လိပ်ကလေးအတွက်သင့်တော်တဲ့နာမည်တစ်ခု
မရသေးပေ။

လင်းရှောင်က စိတ်မဝင်စားစွာနဲ့ပြန်ဖြေသည်၊
"လိပ်ကလေးလို့ပဲခေါ် လေ"

ယူရှောင်းမို-"... ..." မမေးခဲ့ဘူးလို့ပဲမှတ်လိုက်ပါ!

အဆုံးမှာတော့ ယူရှောင်းမိုကလိပ်ကလေးကို
နာမည်မပေးခဲ့တော့ပေ၊ အဓိကအကြောင်းအရင်း
ကတော့ သူ့မှာကောင်းမွန်တဲ့နာမည်
မရှိတာကြောင့်ပင်။ ဒါ့ကြောင့်သူ့ကိုလိပ်ကလေးလို့ပဲ
ဆက်ခေါ် လိုက်တော့သည်၊ ငှက်ပေါက်လေးလိုပဲ
လိပ်ကလေးပေါ့လေ။ ငှက်ကလေးကိုပေးထားတဲ့
နာမည်ကိုတောင် သူမေ့လုနီးပါးဖြစ်နေလေပြီ။
လင်းရှောင်က သူ့ကိုနာမည်ပေးခဲ့တဲ့သူဖြစ်ပြီး
ခပ်ရိုင်းရိုင်းစကားတစ်မျိုးပါတဲ့ နာမည်ပဲထင်တယ်?

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now