Chapter-566

5.7K 1.2K 26
                                    

//Unicode//

အပိုင်း(၅၆၆) ပြန်လည်ဝင်စားခြင်းဆေးလုံး

ကျိကျိုးမြို့သားများက အပြင်လူများအား
လိမ်လည်လှည့်ဖျားဝံ့ခြင်းမှာ သူတို့ကိုယ်ပိုင်စွမ်းအား
ရှိ၍မဟုတ်၊ စွမ်းအားကြီးသည့်အပြင်လူများက
ဒီလိုမြို့ငယ်လေးကို ရှောင်ကွင်းသွားတတ်၍သာ
ဖြစ်သည်။ ထို့အပြင် ကျိကျိုးမြို့၏သမိုင်းကြောင်းက
နှစ်သောင်းချီရှည်လျားပြီး ကျိကျိုးမြို့သားများ
အကြား အပြင်လူမုန်းတီးခြင်းဝါဒပြန့်လာသည့်
အချိန်မှစ၍ ဘယ်လိုအဖြစ်ဆိုးမှ မဖြစ်ပျက်ခဲ့ဖူးပေ။

အချိန်ကြာမြင့်လာသည်နှင့်အမျှ ကျိကျိုး
မြို့သားများ၏စိတ်ထဲတွင် အပြင်လူမုန်းတီးခြင်းက
တဖြည်းဖြည်း နက်ရှိုင်းစွာတံဆိပ်ခပ်နှိပ်ထားသလို
ဖြစ်လာ၏။

ငါတို့ မင်းကိုလှည့်ဖျားတော့ရောဘာဖြစ်လဲ?
မင်း ကျိကျိုးမြို့သားတွေနဲ့ ရန်သူဖြစ်လာရဲသလား?

လူတိုင်းက ဒီလိုအဆုံးစွန်ထိရူးမိုက်သော ယုံကြည်မှု
မျိုးကို စွဲကိုင်လာကြသည်။ အပြင်လောကကို
သူတို့မမြင်ဖူးဟူ၍ ဆိုလို့ရ၏။

တကယ်မှာလည်း သာမာန်ကျင့်ကြံသူတွေက
သူတို့ကိုအာမခံဝံ့ပေ။ လူတိုင်းက 'ပြဿနာဆိုတာ
ဝေးဝေးကရှောင်တာပဲကောင်းတယ်' ဟူသည့်
ဆောင်ပုဒ်ကိုလက်စွဲကြသည်။ ဘယ်လိုပဲဖြစ်ဖြစ်
ဒါက သူတစ်ပါးရဲ့ပိုင်နက်ဖြစ်တာကြောင့်
တကယ့်အစစ်အမှန် ဆရာသခင်များက
သာမာန်ပါမွှားလေးများနှင့် ငြင်းခုံနေရန်
စိတ်မဝင်စားဘဲ ဒီလိုခေါင်ခိုက်သည့်နေရာတွင်
မနေကြပေ။ ဒါကြောင့်ပဲ ယခုလက်ရှိအခြေအနေမျိုး
ဖြစ်လာရခြင်းဖြစ်၏။

ထို့ကြောင့် ပုန်ကန်တတ်သူနှင့်ရုတ်တရက်
တွေ့ဆုံရသည့်အခါ လူတိုင်းမှာ ကြောင်အနေမိကြ
လေသည်။

အပ်ချုပ်ဆိုင်မှလူများမှာ ယူရှောင်းမို
အရှိန်အဝါကြောင့် ထိတ်လန့်ပြီးမတုံ့ပြန်ကြတော့ပေ။
လမ်းမထက်ကလူများသည် အတွင်းမှမူမမှန်မှုကို
တွေ့ရှိပြီး ကြည့်ရှုရန်အတွက်တံခါးဝ၌စုဝေးလာကြ
သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now