Chapter-502

6.7K 1.2K 108
                                    

Unicode

အပိုင်း၅၀၂- ဇာတ်လမ်းကအရှည်ကြီး

"တကယ်တော့ ဇာတ်လမ်းကအရှည်ကြီးပဲ....."

"ဒါဆိုလည်း အရှည်ကြီးကိုတိုအောင်ဖြတ်လိုက်"

"ဖြစ်ပုံကဒီလို........အမှန်တိုင်းပြောရရင်
ကိုယ်လည်းမသိဘူး"

ယူရှောင်းမို မျက်စိမှေးလိုက်ပြီး သူ့ကိုပြန်တွန်း
ချလိုက််တယ်။ ခြေထောက်တစ်ဖက်မြှောက်၊
သူ့ကိုခွထိုင်ပြီး မျက်ခုံးတွန့်လိုက်သည်၊
"ပြောမှာလား မပြောဘူးလား။ သိချင်စိတ်က
လူသတ်နိုင်တယ်ဆိုတာ ခင်ဗျားမသိဘူး
လား"

လင်းရှောင်က တောင်ဝေ့မြောက်ဝေ့လုပ်နေရင်း
ကိုယ်နေဟန်ထားကိုပြင်လိုက်သည်၊
"ကိုယ်တကယ်မသိတာ..... ဒါပေမယ့်
အမှန်တရားနည်းနည်းလေးတော့ ခန့်မှန်းမိတယ်"
တစ်စုံတစ်ယောက် စိတ်ဆိုးလာတော့
မယ့်အချိန်လေးမှာ နောက်ဆုံးစကားကို
ထည့်ပြောလိုက်တော့သည်။

"အဲ့တော့ အမှန်က?"

"ကိုယ့်ရဲ့ရွှေနဂါးသွေးမျိုးဆက်က
ကိုယ့်အဖေဘက်ကနေ အမွေရလာတာဖြစ်မယ်....
သွေးဆက်က မျိုးဆက်တွေတစ်ဆက်ပြီး
တစ်ဆက်ကျဲပါးလာတာကြောင့်
ကိုယ့်အလှည့်ရောက်တော့ အရမ်းပါးသွားတာ....
အာ့ကြောင့် ချီလင်သွေးမျိုးဆက်နဲ့
ရှေးနတ်ဆိုးဖီးနစ်သွေးမျိုးဆက်တို့လို
မဟုတ်ဘဲ သူ့ကိုနိုးထလာစေဖို့ နဂါးသွေး
လိုတာ"

ဒီအကြောင်းကို သူ့အဖေရဲ့လူယုံလည်း
ပြောပြဖူးတယ်၊ သူလည်းဒီအကြောင်းကို
သိပ်မသိဘူးထင်ပါတယ်။

"ဘာလို့ ခင်ဗျားအမေဘက်ကမဖြစ်နိုင်
တာလဲ"

ယူရှောင်းမို နှာခေါင်းလေးကိုကိုင်လိုက်တယ်။
လူကြားကောင်းအောင်ပြောရရင်
သွေးနှောပေါ့။ နားကန့်လန့်ဖြစ်အောင်
ပြောရရင်တော့ ကျီးမမြည်ကြက်မမြောက်ပေါ့။

(မျိုးမတူတဲ့နှစ်ခုကနေ ပေါင်းစပ်မွေးဖွားလာတာ
ကိုပြောတာပါ)

လင်းရှောင် တောက်တစ်ချက်ခေါက်လိုက်ရင်း၊
"ချီလင်မျိုးနွယ်စုက ဖီးနစ်မျိုးနွယ်နဲ့
မတူဘူး..... အမြင့်မြတ်ဆုံးဖီးနစ်က
လွဲရင် ဖီးနစ်မျိုးနွယ်စုက နဂါးမျိုးနွယ်စုနဲ့
ပိုဆင်တယ် နောက်ပြီး ဖီးနစ်သွေးမျိုးဆက်ပါတဲ့
နတ်ဆိုးသားရဲတစ်ချို့လည်းရှိသေးတယ်၊
ချိုရန်ရဲ့အသက်ဆက်နွယ်သားရဲ
ငါးရောင်ခြယ်ငှက်ကိုပဲကြည့်လေ.... အာ့ကြောင့်
နတ်ဆိုးဖီးနစ်မျိုးနွယ်က သူတို့သွေးမျိုးဆက်
သန့်စင်မှုကိုအရေးထားတယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now