Chapter-589

6.3K 1.2K 83
                                    

//Unicode//

အပိုင်း၅၈၉- ပူးပေါင်းကြခြင်း

ကျားဖြူနန်းတော်က ယူရှောင်းမို ထင်သလောက်
အန္တရာယ်မရှိပေ။ အပြင်ပိုင်းက ခမ်းနားတာ
မှန်သော်လည်း အတွင်းပိုင်းကတော့ အရမ်းကို
ဟောင်းနွမ်းစုတ်ပြတ်နေသည်။ မျက်နှာကျက်နှင့်
တိုင်လုံးတွေမှာ လှပသည့်ကျောက်မျက်
အနည်းငယ်ရှိသော ဗလာဟင်းလင်းနန်းတော်ကြီး
တစ်ခုသာဖြစ်သည်။ မွဲတေသည်ဟုပင် ခေါ်နိုင်
သည်။

ယူရှောင်းမိုက မြေပုံကို အခေါက်ပေါင်းမနည်း
ကြည့်ရှုပြီးနောက်မှာတော့ နန်းတော်၏
အသွင်အပြင်ကိုသာ ပြထားခြင်းဖြစ်ကြောင်း
ဆုံးဖြတ်လိုက်ရတော့သည်။ ရတနာ ဘယ်မှာမှန်း
ဆိုတာလေးတောင် ပြမထားချေ။ အနီ၊ အဝါ၊
အပြာရောင်များအဖြစ် ခွဲဖြာသွားပြီး ဝင်္ကပါလို
ကွေ့ကောက်သွားသည့် ထူးဆန်းသောမျဉ်းကြောင်း
အချို့သာရှိသည်။

"ဘယ်လိုရှာရမလဲ"

မြေပုံမရှိတာမှ ပိုကောင်းဦးမည်ဟု ယူရှောင်းမို
ခံစားလိုက်ရသည်။

သူ့ကို ဒေါသအဖြစ်စေဆုံးက စုစုပေါင်းမြေပုံလေးမှ
နှစ်ခုပဲရတာကို နှစ်ခုစလုံးက ပြဿနာရှိနေခြင်း
ဖြစ်သည်။

မြေပုံဆိုတာက သူရှာနေတဲ့ဟာကို အလွယ်တကူ
ရှာတွေ့အောင် တည်နေရာကိုတိုက်ရိုက်ညွှန်ပြပေး
ထားသင့်တာ မဟုတ်ဘူးလား။

သူ့လက်ထဲရောက်ပြီဆိုတာနဲ့ ဘာလို့များ
ဦးနှောက်ဆဲလ်တွေအများကြီး ဖြုန်းတီးပစ်ဖို့
လိုရတာလဲ။ သူ့IQက အနှူတ်ကိန်းနှစ်လုံးမှန်း
သိလျက်နဲ့ ကောင်းကင်ဘုံက ဒီလိုလာစမ်း
နေတုန်းပင်။ သူတို့ ကန်းနေတာပဲဖြစ်ရမည်။

လင်းရှောင်– "ကျားဖြူရဲ့ပင်ကိုယ်စရိုက်က
အပျင်းကြီးတဲ့စရိုက်ပဲဖြစ်မယ်"

"မြေပုံလေးတစ်ပုံဆွဲဖို့ကိုတောင် ပျင်းနေတာလား"

ယူရှောင်းမိုက အံကြိတ်လေသည်။

လင်းရှောင် မရယ်ဘဲမနေနိုင်တော့ချေ။

"ကျားဖြူက ဒဏ္ဍာရီတစ်ခုပဲ။ ရှေးသားရဲ
မျိုးနွယ်ကြီးလေးခုတောင် သူ့ကိုအရင်က
သိပ်မြင်ဖူးကြတာမဟုတ်ဘူး၊ သူ ဘာတွေးနေခဲ့လဲ
ဘယ်သူမှမသိဘူး။ သူသာ ကျားဖြူမျိုးနွယ်စုကို
ရှေးသားရဲမျိုးနွယ်လေးခုက သူတို့မျိုးနွယ်သူတို့
ထောက်ပံ့ကြတဲ့အတိုင်းသာ ထောက်ပံ့ပေးခဲ့ရင်
ကျားဖြူမျိုးနွယ်စုက မျိုးနွယ်စုကြီးလေးခုလိုပဲ
ထုံထျန်းတိုက်မကြီးပေါ်က အသန်မာဆုံး
နတ်ဆိုးသားရဲမျိုးနွယ်တွေထဲမှာ တစ်ခုအပါအဝင်
ဖြစ်လာခဲ့မှာပဲ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now