Chapter-471

6.3K 1.2K 46
                                    

Unicode
အပိုင်း၄၇၁- ခုံနေရာလုကြခြင်း

ကျိုးယန်မှာ ခန္ဓာကိုယ်တောင့်တင်းကာ
မျက်နှာသွင်ပြင်က ကြမ်းတမ်းစူးရှပြီး
အလွန်ကြွက်သားတောင့်၏။ သူက
ငယ်ရွယ်ပုံပေါ် နေသော်ငြား
လူငယ်လေးတော့မဟုတ်တော့ချေ။ လွန်ခဲ့တဲ့
နှစ်ပေါင်းတစ်သောင်းတုန်းက ၊ သူက
ချန်မဟာမိတ်ခေါင်းဆောင်၏ တပည့်
ဖြစ်လာခဲ့သည်။ ယနေ့ခေတ်တွင်တော့
ချန်မဟာမိတ်အတွင်းရှိဆုံးဖြတ်ချက်
များစွာကို ပိုင်လေသည်။

ယူကျန်ထျန်းက ကျိုးယန်ကိုပျူငှာသည်။
သူက အကြီးအကဲတစ်ဦးဖြစ်သော်လည်း
သံနေသံထားက လူငယ်မျိုးဆက်အား
အထင်မသေးကြောင်းပြနေသည်။

ယူရှောင်းမိုနှင့် လင်းရှောင်က အကြည့်ချင်း
ဖလှယ်လိုက်ကာ ဖုန်းချီယွင်ကိုရှာဖို့
သွားလိုက်သည်။ ယူကျန်ထျန်းက
တကယ်ပဲခေါ် လာခဲ့တယ်ဆိုရင်
ရှာရခက်မှာမဟုတ်ပေ။ သို့ပေမယ့်
လျှောက်ပတ်ကြည့်နေတဲ့အချိန်မှာ
ဖုန်းချီယွင်ရဲ့အရိပ်အယောင်ကို မတွေ့ရချေ။

သူတို့တွေစဉ်းစားနေတုန်းမှာပဲ ယင်ကောက
ရုတ်တရက်လျှောက်လာတယ်၊
"သူ့ကိုတွေ့ပြီ"

ယူရှောင်းမို အံ့ဩသွားတယ်၊
"ဘယ်မှာလဲ?"

"သွေးစွေးနီကလန်ထဲမှာ၊ နောက်ဘက်နားက
နောက်ဆုံးရဲ့ဒုတိယ"

ယူရှောင်းမိုက နောက်ဆုံးရဲ့ဒုတိယကို
ကြည့်လိုက်တော့ ယင်ကောပြောနေတဲ့
ဖုန်းချီယွင်ဆိုတာ ခံစားချက်မရှိ၊
မျက်လုံးတွေမှာ အသက်မပါတဲ့လူငယ်တစ်ဦး
ဖြစ်နေတာကို တွေ့လိုက်ရသည်။
မျက်နှာကလဲ ဖုန်းချီယွင်နဲ့မဆိုင်။
"အာ...... သူကဖုန်းချီယွင်ဆိုတာ
ဘယ်လိုလုပ်သေချာနေတာလဲ?"

ယင်ကောက ပြောလိုက်တယ်၊
"ငါပြောနိုင်တယ်"

ကောင်းပြီ၊ မင်းနိုင်တယ်!

"ယူကျန်ထျန်းက သူ့ကိုတစ်ခုခုလုပ်ထားတာ
ဖြစ်မယ်။ စည်းချိပ်တစ်မျိုးမျိုးဖြစ်နိုင်တယ်။
ကြည့်ရတာ ယူကျန်ထျန်းကစေ့စပ်တဲ့
လူပဲ" လင်းရှောင်က မျက်မှောင်ကြုံ့ထားရင်း
ပြောလိုက်၏။

"ဒါဆို အခုဘာလုပ်ကြမလဲ?"

"စောင့်ကြည့်ကြတာပေါ့"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now