Chapter-590

10.3K 1.3K 107
                                    

//Unicode//

အပိုင်း(၅၉၀) သေပြီ

ကျားဖြူနန်းတော်မှာ တန်ဖိုးအကြီးဆုံးအရာကို
ရေဒြပ်စင်အဆီအနှစ်ဟု ယူဆမိချင်ယူဆမိကြ
လိမ့်မည်။ ၎င်းက ချီလင်မျိုးနွယ်စုအတွက်တော့
ရတနာများထဲမှ ရတနာဖြစ်သည်၊
ချီလင်မျိုးနွယ်စု၏အမွေထဲတွင်
ဒြပ်စင်အဆီအနှစ်ငါးမျိုးကို အသုံးပြု၍
နတ်ဘုရားအဆင့်၏အထက်သို့ ချိုးဖျက်နိုင်မည့်
နည်းလမ်းတစ်ခု ပါရှိသောကြောင့်ဖြစ်လေသည်။

သို့သော်လည်း ထိုကဲ့သို့ ဒြပ်စင်အဆီအနှစ်
ငါးမျိုးကို လက်တွေ့စုဆောင်းခဲ့သူမှာ
ရှေးယခင်မှ ယခုထက်ထိတိုင်
လူတစ်ယောက်တည်းသာ ရှိခဲ့ဖူး၏။ ထိုလူမှာ
ချီလင်မျိုးနွယ်စု၏ဘိုးဘေးတစ်ယောက်ဖြစ်ကာ
ကျားဖြူနှင့်တူညီသောအချိန်မှ ကျင့်ကြံသူတစ်ဦး
ဖြစ်သည်။ သို့သော်ငြား အောင်မြင်မှုတော့
မရခဲ့ချေ၊ အကြောင်းမှာ ဒြပ်စင်အဆီအနှစ်
ငါးမျိုးစလုံးကို စုဆောင်းနိုင်ရန်မှာ ၁ ရာခိုင်နှုန်းသာ
ဖြစ်နိုင်ခြေရှိသောကြောင့်ပင်။

သို့သော် လင်းရှောင်ကတော့ ဒီနေရာရှိ
တန်ဖိုးအရှိဆုံးပစ္စည်းကို ရေဒြပ်စင်အဆီအနှစ်ဟု
မထင်ပေ။ အခန်းငယ်များထဲမှ တစ်ခုရှိ
နူးညံ့ပျော့ပျောင်းသောအိပ်ယာပေါ်မှ
အကောင်းပကတိရှိနေဆဲဖြစ်သော
ပိုင်ဟူ(ကျားဖြူ)၏ ခန္ဓာကိုယ်အား တွေ့သွား
သည့်အခါ သူ့တွင် အခြားစိတ်ကူးတစ်ခုရသွားလေ
သည်။

"ပိုင်ဟူက စိတ်ဝိဉာဉ်သားရဲငါးမျိုးထဲကတစ်မျိုး
ဖြစ်နေတာတောင် ဆက်ခံသူမရှိတာမဆန်းတော့ဘူး။
ဒီသေနေတဲ့တစ်ကောင်ကလွဲရင် သွေးသန့်တဲ့
ကျားဖြူမရှိဘူးကိုး။ ကျားဖြူမျိုးနွယ် နောက်ထပ်
ထွက်ပေါ်လာဖို့မဖြစ်နိုင်တော့ဘူး"

ယူရှောင်းမိုမှာ မရေရွတ်ဘဲမနေနိုင်ပေ။
နောက်ပိုင်းမျိုးဆက်များ ရှေးနတ်ဘုရားဧကရာဇ်
သားရဲလေးမျိုးအကြောင်း ပြောကြလျှင်
ချီလင်၊ ဖုန်းဟွမ်၊ နဂါးနှင့် လိပ်နက်တို့ကိုသာ
ထည့်ပြောကြတာမဆန်းတော့ချေ။

"ထုံထျန်းတိုက်မကြီးပေါ်မှာ ပထမဦးဆုံးနဲ့
တစ်ကောင်တည်းပဲရှိတဲ့ ကျားဖြူက ဒီလို
ဖြစ်သွားရတာပဲ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now