Chapter-583

5.9K 1.2K 39
                                    

//Unicode//

အပိုင်း(၅၈၃) ချောင်းမြောင်းတိုက်ခိုက်သူ

မကြာမီမှာ သူတို့နှစ်ယောက် ပန်းတိုင်သို့
ရောက်ရှိလာသည်။

ကျားဖြူ၏ ခေါင်းပိုင်း မြေမျက်နှာသွင်ပြင်
အနေအထားက ယူရှောင်းမို ခန့်မှန်းထားတာထက်ကို
ပိုမသေချာသေးသည်။ မြေပုံကို ကြည့်၍ပြောလို့
မရပေ။ ထောင့်သေးသေးလေးတိုင်းကို
အတိအကျ ရေးဆွဲမှတ်တမ်းတင်ထားဖို့ဆိုတာ
မဖြစ်နိုင်တာကြောင့် ဒီလို ဆိုးဆိုးရွားရွား
ဖျက်စီးခံထားရသည့် မြေနေရာမျိုးမှာ
ညာမျက်လုံးကိုရှာဖို့ လွယ်မည်မဟုတ်ပေ။

ယူရှောင်းမိုက ပိုမြန်မြန်ရှာတွေ့နိုင်အောင်လို့
သူနှင့်လင်းရှောင်ကြား အလုပ်ခွဲလုပ်ဖို့
ဆုံးဖြတ်လိုက်သည်။

"ခင်ဗျားက ဘယ်ဘက်ကစရှာ၊ ကျွန်တော်က
ညာဘက်ကစရှာမယ်။ မသင်္ကာစရာတစ်ခုခု
တွေ့ခဲ့ရင် အသံကူးပြောင်းကျောက်တုံးကနေ
လှမ်းခေါ်တာဖြစ်ဖြစ်၊ နေရာကို မှတ်ထားတာဖြစ်ဖြစ်
လုပ်ကြမယ်"

လင်းရှောင်က မကန့်ကွက်ပေ။

"ဂရုစိုက်ဦး"

"မပူပါနဲ့!"

ယူရှောင်းမိုက သူ့ကိုလက်ယမ်းပြလျက် ညာဘက်သို့
ပြေးသွားတော့သည်။ သူ့ကျင့်ကြံဆင့်မှာ
တုံ့ယွီဓားပြများနဲ့ တွေ့ခဲ့ရလျှင်တောင် ပြဿနာ
ကြီးကြီးမားမားရှိမှာ မဟုတ်ဘူး။ သက်တန့်
အဆင့်သုံးမှော်ဆရာဆိုတာ ဟာသမှမဟုတ်ဘဲ။

ယူရှောင်းမိုက တစ်ကီလိုမီတာဝန်းကျင်
ပျံသန်းလာပြီးနောက် သစ်ပင်ကြီးတစ်ပင်ပေါ်မှာ
ဆင်းလိုက်သည်။ အပင်ကြီးက နှစ်တစ်ထောင်ကျော်
သက်တမ်းရှိပုံပေါ်သည်၊ သို့သော် အသက်လက္ခဏာ
မရှိတော့ဘဲ အခွံလွတ်ကြီးတစ်ခုသာကျန်တော့၏။

မြေပုံနှစ်ပုံကို ယှဉ်ကြည့်ခြင်းဖြင့် ညာမျက်လုံးက
ဒီအနီးတစ်ဝိုက်မှာပဲဆိုတာ သူသိသည်။
သို့သော်လည်း နေရာကို သူ့စိတ်ဝိဉာဉ်စွမ်းအားဖြင့်
လွှမ်းခြုံကြည့်သည့်အခါ လိုဏ်ဂူနဲ့တူတာ
တစ်ခုမှမတွေ့ရဘဲ လူအနည်းငယ်ခန့်
ပုန်းအောင်းလို့ရမည့် အပျက်အစီးများသာ
ပျံ့ကြဲလျက်ရှိ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now