Chapter-543

6.2K 1.1K 14
                                    

//Unicode//

အပိုင်း(၅၄၃) အကြမ်းနည်း

မြို့ကိုပိတ်ရန်အမိန့်စာထွက်လာပြီးကတည်းက
ဟယ့်ရှုန်းရဲ့အိမ်တော်တွင် လေထုကလေးလံနေသည်။

မြို့ကိုပိတ်ချလိုက်တာကြောင့် မြို့သူမြို့သား
အားလုံးကအတန်ငယ်ဒေါသထွက်နေကြ၏၊
အထူးသဖြင့် မြို့ပြင်ဘက်မှာအရေးတကြီး
လုပ်စရာတွေရှိနေတဲ့လူများပင်။ သူတို့
ဒေါသမြစ်ဖျားခံရာက အမိန့်စာထုတ်ခဲ့တဲ့
ဟယ့်ရှုန်းသာဖြစ်နေတော့သည်။

ဟယ့်ရှုန်းမှာလည်းစိတ်ဖိစီးနေ၏။ ဤကိစ္စက
သူနှင့်ဘာမှမဆိုင်သည့်တိုင် အကျိုးဆက်များကို
တော့သူကချည်းခံနေရလေသည်။ သူလည်း
ရှင်းချီနဲ့ကောင်းယွင်ကို ပို၍ပင်မကျေမနပ်
ဖြစ်လာတော့သည်။

"မနက်ဖြန်မှရှာမတွေ့သေးရင် ညနေကျမြို့ကိုပြန်ဖွင့်
ဖို့အမိန့်ပေးလိုက်တော့မယ်"

ဟယ့်ရှုန်းက သူ့အစေခံများကိုရှင်းချီနှင့်ကောင်းယွင်
အားခေါ်ခိုင်းလိုက်ပြီးနောက် ထိုကဲ့သို့နှုတ်ဆက်
လိုက်၏။ အရင်တစ်ခါကလူအများရှေ့တွင်
ထိုသူထံ၌ရှုံးနိမ့်ခဲ့ရပြီးနောက် သူ့ဂုဏ်သတင်းက
ကျဆင်းသထက်ကျဆင်းလာခဲ့သည်။ ထို့နောက်တွင်
မြို့ကိုပိတ်ချခိုင်းသည့်အမိန့်က လောင်စာဖြည့်ပေး
လိုက်ရာ မီးတောက်သာဆက်လက်လောင်ကျွမ်း
နေပါက သူ့နေရာလည်းမြဲနိုင်တော့မည်မဟုတ်ချေ။

ထို့ပြင်ကျိရန်မြို့တွင်လူဦးရေသိပ်သည်းလွန်းလာပြီး
မြို့ရဲ့နေရာအနှံ့အပြားတွင် ရန်ပွဲများဖြစ်ပွားနေ
ကြောင်းအစီရင်ခံစာများလည်း နေ့စဉ်ရက်ဆက်
ရနေ၏။

"ဟယ့်ရှုန်း ဒီအမိန့်တွေကအထက်ကလာတယ်ဆိုတာ
မမေ့ပါနဲ့"

လက်တစ်ဖက်မရှိတော့သည့်ရှင်းချီက ချက်ချင်း
ဆိုသလိုမျက်လုံးများကျဉ်းမြောင်းလိုက်သည်။
ဟယ့်ရှုန်းဒေါသကြီးလာတာနဲ့ပတ်သက်လို့
သူမအံ့ဩမိပေ။

ဟယ့်ရှုန်းရဲ့အကြည့်ကရှင်းချီရဲ့လက်မောင်းအရင်းဆီ
ရောက်သွားပြီး ထေ့ငေါ့လိုက်၏။

"အဲ့ဒီသူရဲ့အမိန့်ကြောင့်သာမဟုတ်ရင် ငါက
မင်းတို့နဲ့အစကတည်းကပူးပေါင်းပေးခဲ့မှာမဟုတ်ဘူး။
မြို့ကိုပိတ်ထားတာခုနစ်ရက်ရှိနေပြီ၊
ငါ့အပိုင်းကပြီးပြီ။ သူတို့ကိုရှာမတွေ့တာ
မင်းတို့အမှားပဲ။ အကျိုးဆက်တွေကိုကိုယ့်ဘာကိုယ်ပဲ
ရင်ဆိုင်ကြ၊  ငါကတော့မင်းတို့သဘောအတိုင်း
လိုက်လုပ်မပေးနိုင်တော့ဘူး"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now