Chapter-436

6.7K 1.2K 28
                                    

Unicode
အပိုင်း၄၃၆- လှည့်စားခြင်းနည်းလမ်း

ရက်အနဲငယ်အတွင်းမှာ ယူရှောင်းမိုတို့အဖွဲ့က
လူသိများလာပြီဖြစ်သည်။ ထို့ကြောင့်
သူတို့ရောက်သွားတဲ့အခိုက်မှာ အာရုံတွေက
သူတို့ပေါ်ရောက်လာကြပြီး အထူးသဖြင့်ကတော့
ဘယ်ဘက်မှာရှိတဲ့ အထပ်ငါးဆယ်ကနေ
ခုနစ်ဆယ်အတန်းကလူတွေပဲ။
အဲ့ဒီ့အခြမ်းဘက်ကလူတွေက အရမ်းစိတ်လှုပ်ရှား
နေကြတာကြောင့် မျက်လုံးထဲကနေမီးတွေပွင့်
နေတယ်လို့တောင်ထင်ရတယ်။

ယန်ဟွေ့နဲ့ချန်ရှန်းရုန်က စောစောလာပြီး
သူတို့အတွက်ခုံဉ်ီးပေးထားကြောင့်
သူတို့လာတာနောက်ကျနေပေမယ့် တစ်ခြားလူတွေ
လို မတ်တပ်ရပ်နေစရာမလိုဘူး။

ယူရှောင်းမိုထိုင်လိုက်တာနဲ့ အဲ့ဒီ့လူတွေက
သူ့ကိုစိုက်ကြည့်နေကြသေးတာကိုမြင်လိုက်ရတော့၊
"အဲ့ဒီ့ကလူတွေက ငါတို့ပြိုင်ဖက်တွေလား?
ဘာလို့ကြည့်နေကြသေးတာလဲ?"
အရင်နေ့က သူ့အခန်းထဲမှာပဲနေနေခဲ့တာမလို့
သူ့ပြိုင်ဖက်ကဘယ်လိုပုံရှိလဲဆိုတာသူမသိဘူး။

ရှေ့မှာထိုင်နေတဲ့ထျန်ရှင်းက လှည့်လိုက်တယ်၊
"သူတို့ပဲ၊ သူတို့အကုန်လုံးကအထပ်လေးဆယ်က
ဆိုပေမယ့် ရက်စက်ပြီးဉာဏ်များတယ်။
ငါတို့စာရင်းသွားပေးကြတော့ သူတို့ကငါတို့
အကြောင်းကြားပြီးနေပြီ၊ ဒါပေမယ့်
နှစ်တိုင်းမှာကြမ်းတမ်းသန်မာတဲ့ကျောင်းသားသစ်
တွေရှိနေကျဆိုတော့ မတတ်နိုင်ဘူးလေ။
အာ့ကြောင့် သူတို့ကိုရွေးလိုက်မှာကနေ
ရှောင်ရှားဖို့ သန်မာတဲ့သူတွေကိုအာရုံစိုက်ကြ
တယ်"

ယူရှောင်းမိုကခေါင်းကုတ်လိုက်ပြီး၊
"ဒီလိုအရာမျိုးကို ဘယ်လိုရှောင်ရှားတာလဲ?"

ထျန်ရှင်းကကျိတ်ရယ်လိုက်တယ်၊
"ရှောင်လို့ရတာပေါ့၊ နင်သာမနေ့ကအခန်းထဲပိတ်မနေ
ရင် ဒီလိုသတင်းမျိုးကရဖို့လွယ်တယ်လေ"

"ဒါဆိုလဲမြန်မြန်ပြောပြလေ"

ထျန်ရှင်းက သူမရဲ့ချောမွေ့ပိန်သွယ်တဲ့မေးကို
ပင့်လိုက်ပြီး "ငါ့ကို အစ်မကြီးလို့ခေါ်ရင်
ပြောပြမယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now