Chapter-520

6.3K 1.1K 29
                                    

//Unicode//

အပိုင်း ၅၂၀- အဆင့်တက်ခြင်း

အဖြူနှင့်အနက်မမြဲခြင်းသဘောတရားအတွဲ
ထွက်ခွာသွားသည်နှင့် အရိုးဖြူမြို့က
ထွက်ပြေးသွားတဲ့သူတွေ ပြန်လာကြလေသည်။

သူတို့မျှော်လင့်ထားသလိုအရိုးဖြူမြို့လေးက အပျက်အစီးမြေတစ်ခုဖြစ်မသွားပေ၊
သို့သော်လည်းအဆောက်အဦးသုံးပုံတစ်ပုံတော့
ပျက်စီးသွားလေသည်။ ကောင်းတာတစ်ခုက
အဲ့ဒါတွေကအစကတည်းက ယိုင်နဲ့နေခဲ့
တာကြောင့်သူတို့ကသစ်သားနှင့်ပြန်ဆောက်ဖို့သာ
လိုအပ်လေသည်။

ပိုင်ရှင်ဖြစ်သူမှာ အကောင်းတိုင်းရှိနေဆဲဖြစ်တဲ့
တည်းခိုခန်းလေးကိုတွေ့တော့ အတော်လေးဝမ်းသာသွားမိ၏၊
သူ့ရဲ့တည်းခိုခန်းက အပျက်အစီးအများဆုံး
ဖြစ်မယ်လို့ထင်ခဲ့တာ။ အဲ့တုန်းက
အဖြူဝတ်လူနှင့် အနက်ဝတ်လူက
ဒီလမ်းအတိုင်းလျှောက်လာတာကို
မြင်ခဲ့ရသည်၊ သို့ပေမယ့် အံ့ဩဖို့ကောင်းစွာနှင့်  ဒီလမ်းကပျက်စီးမှုအနည်းဆုံးလမ်းဖြစ်နေတာပင်။

"ပိုင်ရှင်ဝမ် ခင်ဗျားရဲ့တည်းခိုခန်းကတော့
ဘာမှမဖြစ်ဘဲလွတ်သွားတာသိပ်ကံကောင်းလိုက်
တာဗျာ"

သူ့တည်းခိုခန်းနှင့်မျက်နှာချင်းဆိုင်တွင်လည်း
တည်းခိုခန်းတစ်ခုရှိသေးသည်။ ၎င်းသည်
တစ်ဝက်မျှသာပျက်စီးသွားသည်ဆိုသော်ငြား
ပြန်လည်ပြုပြင်ဖို့ရန် မဖြစ်နိုင်တော့ဘဲ
ပြန်ဆောက်ရတော့မှာဖြစ်သည်။
တည်းခိုခန်းနှစ်ခုသည် သိသာထင်ရှားစွာ
ကွဲပြားနေတော့၏။

ပိုင်ရှင်ယန်မှာ သူ့တည်းခိုခန်းလေးကိုကြည့်ပြီး
သက်ပြင်းတချချဖြစ်နေရင်း ပိုင်ရှင်ဝမ်ရဲ့
တည်းခိုခန်းဆီ မကြာမကြာလှည့်ကြည့်လေသည်။
သူကျ ဘာလို့ဒီလောက်တောင်ကံကောင်းနေ
တာလဲ?

ပိုင်ရှင်ဝမ်သည် ပြုံးပျော်နေ၏၊
သူ့တည်းခိုခန်းလေးကို ပြန်မဆောက်ရတာ
ကောင်းလှသည်၊ မဟုတ်ရင်ငွေကုန်ကြေးကျ
များပေဦးမည်။

သို့ပေတည့် ပိုင်ရှင်ယန်ပြောတာကိုကြားပြီးတဲ့
နောက်မှာမူ ရုတ်တရက်ဉာဏ်အလင်းပွင့်သွားပြီး
ဒုတိယထပ်ပြတင်းပေါက်ဆီသို့ မသိစိတ်မှ
ကြည့်မိသွားသည်။ အဲ့အခန်းကဧည့်သည်တွေက
မထွက်သွားကြသေးပေ၊
အဖြူဝတ်လူနှင့်အနက်ဝတ်လူ
အရိုးဖြူမြို့ကရုတ်တရက်ထွက်သွားခြင်းရဲ့
ထူးဆန်းနေမှုကို ဆက်စပ်ကြည့်လိုက်တဲ့အခါ
သူ ရဲတင်းလှတဲ့ကောက်ချက်တစ်ခုကို
ချလိုက်နိုင်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now