Chapter-459

6.6K 1.2K 7
                                    

Unicode
အပိုင်း၄၅၉- လေလံဆွဲခြင်း

သူအမှားလုပ်မိသွားတာကို သဘောပေါက်သွားရင်း
ယူရှောင်းမိုက ခေါင်းစဉ်ပြောင်းလိုက်တော့သည်။

အဆုံးတွင်တော့ စွမ်းအင်ကျောက်တုံးဆယ်သန်း
ဆိုတာ နယ်မြေပြောင်းအဆောင်လက်ဖွဲ့တန်ဖိုး
တစ်ခုသာဖြစ်ပြီး လူများစုမတတ်နိုင်သည့်
ဈေးနှုန်းဖြစ်တာကို အထပ်တာဝန်ခံဆီမှ
သိလိုက်ရသည်။ ထို့ကြောင့်ပင် ဤနေရာတွင်
စွမ်းအင်ကျောက်တုံးများနှင့်အလုပ်လုပ်ပုံကို
ကန့်သတ်မထားခြင်းဖြစ်သည်။ ပစ္စည်းများ
လဲလှယ်ခြင်း ထုံးစံမရှိချေ။

သို့သော် ယူရှောင်းမိုက ဒီနေရာကဆေးလုံးတွေ
မှော်ဆေးပင်တွေနဲ့ အကျွမ်းတဝင်မရှိတာကြောင့်
သူတို့ကိုရဖို့ဈေးဘယ်လောက်မြင့်မြင့်
ပေးရမလဲသူမသိချေ၊ ထို့ကြောင့်
သံသရာမျှော်စင်က ဝန်ထမ်းတွေကိုပဲ
မေးလိုက်ရသည်။

သံသရာမျှော်စင်ရဲ့အထပ်တိုင်းမှာ အကဲဖြတ်တဲ့
အကြီးအကဲတစ်ဦးစီရှိသည်။ ပစ္စည်းအားလုံးကို
သူက တန်ဖိုးဖြတ်ပေးကာ ဈေးနှုန်းများကလဲ
များသောအားဖြင့်မျှတသည်ပင်။

ဝန်ထမ်းက သူတို့ကိုအကြီးအကဲဆီခေါ် သွားပေး
တဲ့အခါ အကြီးအကဲကလူငယ်တစ်ယောက်
အတွက် မှော်ဆေးပင်တစ်ပင်အဖိုးဖြတ်ပေး
နေသည်။

ယူရှောင်းမိုက လှမ်းကြည့်လိုက်တယ်။
သူက မှော်ဆေးပင်တွေနဲ့ပတ်သက်ရင်
ဗဟုသုတတော်တော်လေးရှိတယ်။
လူငယ်လေးရဲ့မှော်ဆေးပင်က
အပေါ် ယံအရတော့ အဆင့်တစ်ဆယ်
အဆင့်မြင့်ဆေးပင်ပဲ။ ကံဆိုးတာက
အမြစ်တွေမှာ နည်းနည်းလေးထိခိုက်ထားတာကြောင့်
မှော်ဆေးပင်ရဲ့အရည်အသွေးကို ကြီးကြီးမားမား
သက်ရောက်သွားစေတယ်။ ဒီဟာရဲ့တန်ဖိုးက
အဆင့်မြင့်မှော်ဆေးပင်တစ်ပင်တန်ဖိုးရဲ့
တစ်ဝက်ပဲရှိမယ်။

" ဘယ်လိုလဲ?" လူငယ်လေးက အကြီးအကဲ
လက်ထဲကမှော်ဆေးပင်ကိုကြည့်ရင်း
စိုးရိမ်စွာမေးလိုက်သည်။

အကြီးအကဲက မုတ်ဆိတ်ဖြူဖြူကိုသပ်ရင်း
" ဒီမှော်ဆေးပင်အမြစ်တွေက ပျက်စီးနေတယ်၊
ဒါ့ကြောင့် အရည်အသွေးကအလယ်လတ်ဆင့်ထိ
ကျသွားတယ်။ အများဆုံးမှ စွမ်းအင်ကျောက်တုံး
သုံးသိန်းပဲ။ ကျန်တဲ့အဆင့်မြင့်မှော်ဆေးပင်
ငါးပင်က စွမ်းအင်ကျောက်တုံးလေးသန်းတန်တယ်။
အားလုံးပေါင်းရင် စွမ်းအင်ကျောက်တုံး
ခြောက်သန်းနဲ့ တစ်သိန်းတန်တယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now