Chapter-563

6.3K 1.2K 34
                                    

//Unicode//

အပိုင်း(၅၆၃) သူစိမ်းမုန်းတီးသောတုံကျိုး

ကောင်းကင်ကမှောင်နေပြီး မြေပြင်အနေအထားက
တောင်တန်းထူထပ်ကာစိမ်းစိုနေသည်။ ရာသီဥတု
အခြေအနေမကောင်းတာတောင် ရှုခင်းသာယာတာ
ကိုတော့ငြင်းမရပေ။ မနီးမဝေးတွင်.......
အစိမ်းရောင်အလင်းများ တောက်ပနေသော
ကျွဲချိုပါရှိသည့်နတ်ဆိုးသားရဲနှစ်ကောင်သည်
တစ်ကောင်နဲ့တစ်ကောင် သတ်ဖြတ်လိုစွာစိုက်ကြည့်
နေကြပြီး ခြိမ်းခြောက်ဟန်အသံပေးနေကြသည်။
ဘယ်အချိန်မှာမဆို ထတိုက်တော့မည့်ဟန်ရှိလေ
သည်။

ထိုအချိန် ကောင်းကင်ယံတွင်လျှပ်စီးများဖြာသွား၏။

ကျွဲချိုနဲ့နတ်ဆိုးသားရဲနှစ်ကောင် အရှိန်ယူနေစဉ်၌
သူတို့ပတ်လည်ရှိ လေထုက တွန့်ရှုံ့လာသည်။
လေထုကို ပိန်းပိတ်အောင်နက်မှောင်နေသည့်
အဟကြီးတစ်ခုကဆုတ်ဖြဲပစ်လိုက်ပြီး လေဟာနယ်
စွမ်းအင်များ စိမ့်ထွက်လာခဲ့သည်။

အပေါက်ထဲကနေ ပုံရိပ်နှစ်ခုတိတ်ဆိတ်စွာထွက်ပေါ်
လာသည်။

ကျွဲချိုသားရဲနှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင်
ရန်စောင်နေတာရပ်တန့်လိုက်ကြပြီး ရုတ်တရက်
ပေါ်လာသူနှစ်ဦးကို ခုန်အုပ်တော့မည့်နှယ်
အစွဲတဖြဲဖြဲဖြင့်ကြည့်လိုက်ကြသည်။

မျက်နှာလေးကရှင်းလင်းနေသည့် အဆင်းလှသော
လူငယ်လေးသည် သူတို့ဘေးပတ်ဝန်းကျင်ကို
တစ်ချက်ပင်မကြည့်အားဘဲ ဒဏ်ရာရနေသည့်
သူ့အဖော်အနားယူရန် သစ်ပင်ကြီးတစ်ပင်အောက်သို့
အလျင်စလိုကူတွဲပေးနေ၏။ ကောင်းကင်ယံတွင်
တဖြတ်ဖြတ်လက်နေသောလျှပ်စီးများ ပစ်ခတ်ခြင်း
ကိုတော့ ခံရလောက်မည်မဟုတ်ပေ။

ကျွဲချိုသားရဲနှစ်ကောင်သည် လူငယ်လေး၏
လှုပ်ရှားမှုများကိုစောင့်ကြည့်နေပြီး မြေပြင်ကို
ခွာဖြင့်ကြမ်းကြမ်းတမ်းတမ်းယက်နေကြ၏။
အထူးသဖြင့် လူငယ်လေးကသူတို့ကိုကျောပေးလိုက်
တာကိုမြင်လိုက်သည့်အခါ သူတို့အော်သံများက
ပို၍ပင်အန္တရာယ်ရှိလာတော့သည်။ သားရဲကြီး
နှစ်ကောင်က ရုတ်တရက်ဟိန်းဟောက်ပြီး
ခုန်လိုက်ကာ ခွာသံတခွပ်ခွပ်ဖြင့် လူငယ်လေးထံသို့
တဟုန်ထိုးပြေးဝင်သွားကြ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now