Chapter-556

6.2K 1.2K 24
                                    

//Unicode//

အပိုင်း(၅၅၆) ဝိုင်ဖောက်သူနှင့်စိတ်ဝိဉာဉ်ဝိုင်

သလင်းကျောက်ပြားသည် ကြမ်းပြင်နှင့်
တိုက်ရိုက်တွယ်ဆက်နေပြီး ပြီးသည့်နောက်
လေလံပွဲစင်မြင့်ဆီသို့ဆန့်တန်းသွားသည်။

ကျောက်ပြားတစ်ချပ်မှတစ်ဆင့် မြင်ရခြင်းက
ပုံမှန်လေလံအိမ်၏ဆူညံခြင်းမျိုးကို
လျော့ချပေးနိုင်သည်မှာအမှန်ပင် ။
ယူရှောင်းမိုအမြဲလိုလို အတွေးဝင်မိသည်က
ဒီပစ္စည်းက modern ကမ္ဘာမှ
နည်းပညာမြင့်ပစ္စည်းများထက်ပင် ပိုမို
အဆင့်မြင့်သည်ဟူ၍ပင်ဖြစ်၏။ သို့သော်လည်း
ဤကဲ့သို့သလင်းကျောက်ပြားများက ထုံထျန်း
တိုက်မကြီးပေါ်တွင်လည်း လူသုံးမများကြောင်း
သူကြားထားသည်၊ အကြောင်းအရင်းက
လူတွေကမသုံးချင်၍မဟုတ်ဘဲ သလင်းကျောက်တုံး
အရေအတွက်ကအကန့်အသတ်ဖြင့်သာရှိ
သောကြောင့်ဖြစ်သည်။ 

သူကြားထားသည့်အတိုင်းဆို သလင်းကျောက်တုံး
များရှိသည့် နေရာမှာတစ်ခုတည်းသာရှိကာ
ထိုနေရာသည် အလွန်တရာအန္တရာယ်များလှ၏။
အမှန်တကယ်အင်အားကြီးကျင့်ကြံသူများသာ
၎င်းကျောက်များကိုတူးဖော်နိုင်လေသည်။

လေလံပစ်သူက မိတ်ဆက်စကားပြောပြီးသည့်နောက်
လေလံပွဲစတင်ကြောင်းကြေညာသည်။

ပစ္စည်းတစ်ခုတိုင်းတစ်ခုတိုင်းက လေလံပွဲစင်မြင့်
အောက်မှ ပေါ်ထွက်လာသဖြင့် လူအားကို
လျော့ချပေးပြီး ၎င်း၏အဆင်ပြေသက်သာမှုကို
ဖော်ပြပေးနေသည်။

ပုံမှန်အားဖြင့်လေလံပွဲတစ်ခုက တန်ဖိုးနည်းပါးသည့်
ပစ္စည်းအချို့နှင့်စတင်တတ်သော်လည်း
ပင့်ကူနက်၏လေလံပစ္စည်းများက အရည်အသွေး
ကောင်းမွန်သောပစ္စည်းများအဖြစ် သိကြလေရာ
အဖွင့်ပိုင်းသည်လည်း မဆိုးလှချေ။

ပထမဦးဆုံးပစ္စည်းက လင်းယုန်နီဆေးပေါင်းအိုး
အမည်ရှိ ဆေးပေါင်းအိုးတစ်လုံးဖြစ်၏။ ၎င်း
ပုံသဏ္ဍာန်ကို လင်းယုန်နီတစ်ကောင်ပျံသန်းနေသည့်
အတိုင်းပုံဖော်ထားသဖြင့် နာမည်ကလည်းထိုအတိုင်း
ဖြစ်လေသည်။ ၎င်းအိုးက ထိပ်ဆုံးမှရေတွက်လျှင်
အဆင့်ကိုးဆယ့်ကိုးသာ ချိတ်သော်လည်း
ဈေးအပြိုင်ဆွဲနေသူအမြာက်အမြားရှိနေသေးသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now