Chapter-584

5.9K 1.3K 118
                                    

//Unicode//

အပိုင်း(၅၈၄)ရူးချင်စရာ

ယူရှောင်းမိုသည် တစ်ချက်ကြည့်ပြီးနောက်
ပြန်လှည့်လိုက်၏။ အနက်ဝတ်လူ၏ခန္ဓာကိုယ်အနှံ့
ရှာဖွေကြည့်သော်လည်း မှော်အိတ်တစ်လုံးသာ
တွေ့ရကာ ထိုထဲတွင်လည်း ဘာမှသိပ်မပါပေ။
သူဘယ်သူဘယ်ဝါမှန်း အတည်ပြုနိုင်မည့်ဟာလည်း
မရှိချေ။

သို့သော် သူ့ကိုတိုက်ခိုက်ရခြင်းမှာ ချောက်ကြီး
အောက်ခြေမှာ တစ်စုံတစ်ရာရှိနေသောကြောင့်
ဖြစ်ကြောင်း ဒါကိုကြည့်၍ ယူရှောင်းမို သေချာသွား
သည်။ သူက ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူ
ဖြစ်နိုင်သည်၊ သူတို့လိုလူတွေကပဲ ဘယ်သူဘယ်ဝါ
ဖြစ်ကြောင်း ဖုံးကွယ်ထားတတ်တာဖြစ်သည်။

"လူသတ်ပြီးပစ္စည်းလုတာက ဓားပြတွေပဲ
လုပ်တာ"

ဒီအခိုက်အတံ့မှာ ယုတ်မာဟန်အသံတစ်သံ
ထွက်ပေါ်လာခဲ့၏။ ဘယ်သူရယ်လို့ တိတိပပ
မပြောထားပေမဲ့ သူ့ကိုကျိန်ဆဲနေခြင်းမှန်း
ယူရှောင်းမို သိသည်။

အကြောင်းကတော့ ထိုအသံက နှင်ထုတ်လို့
မရနိုင်သည့်မိန်းမ မော့ရွှယ်၏အသံပင်ဖြစ်
သောကြောင့်ပင်။ ယူရှောင်းမိုက မှော်အိတ်ကိုယူ၍
အလောင်းကိုဖျက်စီးပစ်လိုက်ပြီးနောက် မော့ရွှယ်ကို
နှိုင်းနှိုင်းဆဆဖြင့် ကြည့်လိုက်သည်။

မော့ရွှယ်ကလည်း သူ့ကိုရန်မစသင့်မှန်းသိပေမဲ့
မနေနိုင်ပေ။ သူမ အထင်သေးခဲ့ဖူးသောလူက
သူမအထက်မှာ ရှိနေလေပြီ။ ယခု
မော့ကြည့်ရမည့်လူက သူမ ဖြစ်နေ၍
သူမ မခံစားနိုင်ပေ။ ယူရှောင်းမိုက
လှမ်းကြည့်လာတာမြင်တော့ ခေါင်းမာမာဖြင့်
ပမာမခန့် မေးငေါ့လိုက်၏။

ရှဲ့ကျွင်းမျက်လုံးထဲမှာ မော့ရွှယ်ကို မကျေမနပ်
ဖြစ်ဟန်တစ်ခု ဖြတ်ပြေးသွားကာ သူမကို
ပြန်ဆွဲလိုက်သည်။

"ရွှယ်အာ သူ့ကိုရန်သွားမစနဲ့"

မော့ရွှယ်သည် ရှဲ့ကျွင်းစကားအဓိပ္ပါယ်အား
နားလည်၍ သူပြောသည့်အတိုင်းလိုက်လုပ်ချင်
သော်လည်း မာနက သူမကို ခေါင်းမငုံ့အောင်
လုပ်နေသည်။ ထိုအစား သူမက၊
"ရှဲ့တကော ညီမတို့က လူတွေအများကြီးပဲ၊
ဘာလို့ လူတစ်ယောက်တည်းကိုကြောက်နေရမှာလဲ"
ဟုပြောလိုက်၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now