Chapter-573

6.2K 1.2K 29
                                    

//Unicode//

အပိုင်း(၅၇၃) ရှစ်ရှုန်း (ဆရာတူအစ်ကိုကြီး)

နေရာချပြီးနောက်တွင် ယူရှောင်းမိုသည်
လင်းရှောင်ကို နယ်မြေထဲထည့်လိုက်၏။

နယ်မြေ၏စိတ်စွမ်းအင်က တော်တော်လေးကြွယ်ဝ၍
အပြင်မှာထက်စာရင် ထိုနေရာမှာ အနားယူဖို့ပိုကောင်း
ပေသည်။ ယူရှောင်းမိုက မှော်ဆေးပင်စိုက်ခင်းမှာ
အလုပ်လုပ်ချင်နေသဖြင့် လင်းရှောင်လည်း
ဘာမှပြောစရာမရှိပေ။

လူသားအဆင့်လွန်မှော်ဆေးပင်မျိုးစေ့သည်
အဆင့်နိမ့်နှင့် အလတ်ဆင့်မှော်ဆေးပင်များကဲ့သို့
ဒီတိုင်းပစ်ထားခဲ့၍မရပေ၊ စောစောစိုက်လို့
စောစောရိတ်သိမ်း၍လည်း မရချေ၊ အထူးသဖြင့်
နှလုံးသားပန်းဆေးပင်။ မြေဩဇာအနည်းငယ်
ပုံထားရုံနဲ့မလုံလောက်ပေ။ သူ့ကိုယ်သူယုံကြည်ချက်
မရှိလို့မဟုတ်​ပေမဲ့ ကြိုတင်ကာကွယ်ထားတာ
ဖြစ်သည်။

အခြားတစ်ဖက်တွင်၊ တာဝန်ခံလီသည်
တာဝန်ခံကျန်းအား လျှင်မြန်စွာရှာတွေ့သွား၏။

တိုက်ဆိုင်စွာ တာဝန်ခံကျန်းသည်လည်း
စုလန်နှင့်ပတ်သတ်၍စကားပြောရန် တာဝန်ခံလီအား
တစ်ချိန်လုံးရှာနေခဲ့ခြင်းဖြစ်သည်။

အဆုံးမှာ သူက စုလန်ကို လူသားအဆင့်လွန်
အပိုင်းနှင့် မိတ်ဆက်ပေးခဲ့သူဖြစ်၏၊ သို့သော်
တာဝန်ခံလီက စုလန်ကြိုတင်မှာယူထားသည့်
ဆေးပင်ကို အခြားတစ်ယောက်ထံရောင်းချပစ်ခဲ့
သည်။ ၎င်းက သူ့မျက်နှာကိုဖြတ်ရိုက်ခြင်းပင်
မဟုတ်ပါလား။

ထို့အပြင် တာဝန်ခံလီက ထိုဆေးပင်ကို စွမ်းအင်ကျောက် သန်းသုံးဆယ်ဟူသည့်
မတန်တဆဈေးဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း
လည်း တာဝန်ခံကျန်းကြားပြီးပြီဖြစ်သည်။
ကော်မရှင်ခသက်သက်တင် တာဝန်ခံလီမှာ
စွမ်းအင်ကျောက်တစ်သန်းကျော်ရမည့်အပြင်
မှော်ဆေးပင်ခန်းမမှ ဆုတော်ငွေပါရဦးမည်ဖြစ်၏။

တာဝန်ခံလီ မှော်ဆေးပင်ခန်းမအတွက်
စွမ်းအင်​ကျောက်သန်းနှစ်ဆယ်ကျော် ရှာပေးနိုင်ခဲ့၍
အထက်လူကြီးများက သူ့ကို စွမ်းအင်ကျောက်
တစ်သန်းဆုချဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းသည်
တာဝန်ခံကျန်း တစ်နှစ်ပတ်လုံးအလုပ်လုပ်လျှင်ပင်
မရနိုင်သည့်ပမာဏဖြစ်ရာ သူ မနာလိုမဖြစ်ဖို့
မဖြစ်နိုင်ချေ။ တာဝန်ခံလီကိုယ်တိုင် သူ့ကို
လာရှာနေသည်ကိုမြင်သည့်အခါ သူလည်း
မေးစရာရှိနေသည်နှင့်ကြုံလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now