Chapter-514

6.1K 1K 35
                                    

//Unicode//

အခန်း ၅၁၄- သရုပ်မှန်ကိုသိသွားခြင်း

ယူရှောင်းမို အထပ်၉၀ရဲ့အမှတ်အသားပြားကို
နောက်နေ့တွင် ရခဲ့သည်။

ပင်မဆောင်မှအထပ်တိုင်းတွင် မတူညီတဲ့အထပ်ကို
ကိုယ်စားပြုသည့် မတူညီတဲ့အမှတ်အသားပြားတွေ
ရှိကြသည်။ အထပ်၉၀ကို
ဤအမှတ်အသားပြားပါမှသာ ဝင်လို့ရနိုင်သည်၊
မဟုတ်လျှင် အထပ်၉၀ကိုစောင့်ကြပ်သည့်
ဆရာက ရင်းနှီးတဲ့သူဟုတ်ဟုတ်မဟုတ်ဟုတ်
အဝင်ခံမည်မဟုတ်ပေ။

ခဏကြာတော့ ချောင်ဝူရှင်းနဲ့ကျန်တဲ့သူတွေကို
တစ်စုံတစ်ယောက်ကတစ်ဆင့်
စကားပါးခဲ့ပြီးနောက် လင်းရှောင်နှင့်အတူ
ကျုံထျန်းကနေထွက်လာခဲ့တော့သည်။

ဒါကိုသိတော့ ချောင်ဝူရှင်းမှာပြောစရာစကား
တစ်ခွန်းမှ မရှိတော့ပေ။ သူကရှောင်ယောင်
တက္ကသိုလ်ကျောင်းသားဖြစ်လာကတည်းက
ပင်မဆောင်တွင် အချိန်တစ်ခုလောက်ထိ
အတည်တကျမနေခဲ့ပေ။ အခုလည်း
အထူးစည်းမျဉ်းကိုအောင်အောင်မြင်မြင်နဲ့
စိန်ခေါ် ပြီးတဲ့နောက်တော့ အစရှာမရအောင်
ထွက်ပြေးသွားပြန်သည်။

ယူရှောင်းမို ဝူချန်ကိုအကူအညီတောင်းခဲ့တာက
သံသရာဆေးလုံးအတွက် ကျန်နေသေးတဲ့
မှော်ဆေးပင်အနည်းငယ်နှင့် သက်တန့်ဆေးလုံး
သန့်စင်ရန်အတွက်မှော်ဆေးပင်များရှာပေးရန်
ဖြစ်သည်။ မျိုးစေ့ပဲဖြစ်ဖြစ် မရင့်မှည့်သေးတဲ့
ဆေးပင်ပဲဖြစ်ဖြစ် ရင့်မှည့်နေတာပဲဖြစ်ဖြစ်
အကုန်လုံးရသည်။

သံသရာဆေးလုံးအတွက်မှော်ဆေးပင်များမှတပါး
ကျန်တဲ့အရာတွေကို ချန်မဟာမိတ်ဆီက
အကူအညီတောင်းလို့မရပေ၊ အကြောင်းက
ဖူချန်ချုံးရဲ့ပါးနပ်မှုနှင့်ဆိုလျှင် သူ့ရဲ့ဆင်ခြေတွေကို
ယုံကြည်မည်မဟုတ်သောကြောင့်ပင်။
ထို့ပြင် ချန်မဟာမိတ်၏သတင်းကွန်ရက်က
ထိပ်တန်းဖြစ်သည်။

သွေးစွေးနီကလန်ကအမွေကျောက်မျက်ကို
လိုက်ရှာနေတဲ့အကြောင်းသူတို့သိနှင့်နေပြီးပြီဆိုလျှင်
သူ့ရဲ့သရုပ်မှန်ပေါက်ကြားသွားနိုင်ချေရှိသည်။
ဒီလိုဘေးမကင်းတဲ့စွန့်စားမှုမျိုးကို သူ
သေချာပေါက်လုပ်လိမ့်မည်မဟုတ်ပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now