Chapter-431

7.7K 1.2K 27
                                    

Unicode
အပိုင်း၄၃၁-ပင်မအဆောက်အအုံ

ရှောင်ယောင်တက္ကသိုလ်ကဆရာရောက်လာတဲ့
အချိန်မှာ အန်းချောင်ရဲ့အသက်တန်းက
ယူရှောင်းမိုရဲ့သာမာန်မဟုတ်တဲ့DPS၏
ရှင်းလင်းဖယ်ရှားခြင်းကိုခံလိုက်ရပြီဖြစ်၏။
အဆုံးမှာတော့ လူအုပ်ကြီးက နည်းပြဆရာ
နောက်ကနေ ရှောင်ယောင်တက္ကသိုလ်ထဲလိုက်ဝင်
သွားလိုက်ကြတော့သည်။
(DPS-တစ်စက္ကန့်အချိန်မှာဖျက်စီးနိုင်တဲ့နှုန်း)

ရှောင်ယောင်တက္ကသိုလ်က တောက်ရှင်းအကယ်ဒမီ
နှင့်မတူပေ၊ ထို့ပြင်မြေအောက်စွမ်းအင်စီးကြောင်း
ကဲ့သို့သော အကျိုးများကိုကျောင်းသားများအား
ပေးမည်မဟုတ်ပေ။ ဤနေရာတွင် ရလဒ်ကသာ
စကားပြော၏။

လူအုပ်ကြီးက လူအနဲငယ်သာရှိတဲ့လမ်းမကျယ်
ကြီးတစ်ခုအတိုင်း လျှောက်နေကြတယ်။
နည်းပြဆရာက ရှောင်ယောင်တက္ကသိုလ်အတွင်းက
အခြေအနေကို လမ်းလျှောက်နေရင်း
ရှင်းပြသည်။

နာရီဝက်လောက်ကြာပြီးနောက်မှာ
ကြီးမားတဲ့အဆောက်အအုံကြီးတစ်ခုရဲ့ခြေရင်းကို
ရောက်သွားကြတော့သည်။ ၎င်းနှင့်ယှဉ်လျှင်
သူတို့ကပုရွက်ဆိတ်များနဲ့တူ၏။
ကောင်းကင်ပေါ်ကနေငုံ့မကြည့်ရင်
ဒီအဆောက်အအုံက ဘယ်လောက်ထိ
ကြီးမားလဲဆိုတာပြောနိုင်မှာ မဟုတ်ပေ။

"ရှောင်ယောင်တက္ကသိုလ်က အဆင့်သတ်မှတ်တဲ့
စနစ်နဲ့သွားတာ။ မင်းတို့ရှေ့ကအဆောက်အအုံကို
အထပ်တစ်ရာခွဲထားပြီး အထပ်တိုင်းမှာ
သူ့ရဲ့ကိုယ်ပိုင်အကျိုးကျေးဇူးတွေရှိတယ်။
မင်းတို့ဘာကိုသင်ယူနိုင်မလဲဆိုတာ မင်းတို့ပေါ်မှာပဲ
မူတည်တယ်၊ ဒါပေါ့၊ အပေါ်ကိုရောက်လေလေ၊
မင်းအတွက်ပိုကောင်းလေလေပဲ။ ဒါပေမယ့်
မင်းတို့ကအခုမှရောက်တာကြောင့်
ပထမထပ်မှာပဲနေရမယ်"

ဤစကားများက ဘာမှမသိသေးတဲ့
ယူရှောင်းမိုနှင့်အခြားကျောင်းသားများကို
အသိပေးရန်ဖြစ်သည်။ ချောင်ဝူရှင်းတို့အုပ်စုက
ဒါကိုသိနှင့်နေပြီးသားဖြစ်ပြီး ဒီထက်တောင်ပိုသိ
နေနိုင်သေးတယ်။ သူတို့ဒီအကြောင်းဆွေးနွေးကြ
တဲ့အခါ ချောင်ဝူရှင်းက ဆရာပြောမပြခဲ့တဲ့
အကြောင်းတွေကိုဖြည့်စွက်ပေးသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now