Chapter-512

6.1K 1.1K 59
                                    

//Unicode//

အခန်း ၅၁၂- ယှဉ်ပြိုင်ပွဲ

ရှောင်ယောင်တက္ကသိုလ်ရှိလက်ရွေးစင်
အကျော်အမော်အရေအတွက်သည်
မှော်ဆရာအစည်းအရုံးနှင့် သားရဲသဏ္ဍာန်
ပြောင်းလဲခြင်းအဖွဲ့အစည်းတို့နှင့်
မယှဉ်နိုင်သော်လည်း ဆရာတွေက
ယူရှောင်းမိုရဲ့ပြိုင်ဖက်ကဲ့သို့ပင် အလွန်သန်မာ
ကြသည်။

ယူရှောင်းမိုရဲ့ပြိုင်ဖက်သည် ဝူဟိုင်ကွမ်းဟု
အမည်ရကာ သက်တန့်အဆင့်၁မှော်ဆရာဖြစ်
သည်။ ထုံထျန်းတိုက်မကြီးပေါ် ၌
သက်တန့်မှော်ဆရာတစ်ဦးဖြစ်ရခြင်းသည်
'နာမည်ကျော်' ရုံလို့ဆိုရလောက်အောင် မရိုးရှင်းပေ။
အင်အားစုအချို့အတွက်ဆိုလျှင် ကံကောင်းမှု
တွေအားလုံး ပုံအောလိုက်ပြီးနောက်မှာတောင်
သက်တန့်ရောင်မှော်ဆရာတစ်ယောက်
ဖိတ်ခေါ် ချင်မှဖိတ်ခေါ် နိုင်ပေလိမ့်မည်။

ဒါ့ကြောင့် 'အထူးစည်းမျဉ်း' က
အထူးဖြစ်နေရခြင်းမှာ စိန်ခေါ် တဲ့ကျောင်းသား
တိုင်းက သက်တန့်အဆင့်ရှိဆရာတစ်ယောက်နဲ့
ရင်ဆိုင်ရမှာ ဖြစ်တာကြောင့်ပင်။
သက်တန့်အဆင့်ဆေးလုံးတွေ ပြုလုပ်နိုင်တဲ့
မှော်ဆရာတစ်ယောက်အတွက် အဆင့်၁၀
မှော်ဆေးလုံးပြုလုပ်ရတာက ငှက်ပျောသီး
အခွံခွာစားရသလောက်ပဲရှိသည်။

ဒါ့ကြောင့် စိန်ခေါ် သူများကို
ခက်ခဲတဲ့တာဝန်တစ်ခုကစောင့်ကြိုနေသည်။ 

သူတို့က သူတို့အဆင့်ထက်သာလွန်တဲ့
မှော်ဆေးလုံးတစ်လုံး ပြုလုပ်ရမည်သာမက
၎င်းရဲ့အရည်အသွေးက ဆရာတစ်ယောက်ကို
အနိုင်ရနိုင်လောက်ရန်လည်း ရှိရမည်ဖြစ်လေသည်။

အားငယ်စိတ်ဝင်စေနိုင်တဲ့အလုပ်ပဲ!

ချောင်ဝူရှင်းက သတိလှမ်းပေးတဲ့အခါ
ယူရှောင်းမို ပွဲကြည့်ထိုင်ခုံတွေဆီကနေ
ဆင်းလာခဲ့သည်။ သူ အပေါက်ဘက်ကို
လှည့်ကြည့်မိလိုက်သည်၊ ချောင်ဝူရှင်းရဲ့ဆရာရော
ကျုံးယဲ့ရဲ့ဆရာရော မလာပေ။ သူ့ကို
တိတ်တိတ်လေးစောင့်ကြည့်နေတာတော့
မဟုတ်လောက်ပါဘူးနော်?

တကယ်တော့ ယူ​ရှောင်းမိုမှန်းတာမှန်နေ၏။
လိန်လုံနဲ့ အဖိုးရှန်ရဲ့အဆင့်အတန်းက
ထူးခြားတာကြောင့် သူတို့ပေါ် ထွက်
လာမှုက ထင်မြင်ချက်အမျိုးမျိုးဖြစ်စေနိုင်
သည်ဖြစ်ရာ တတ်နိုင်လျှင်
လူရှေ့ထွက်ခြင်းအားရှောင်ကြလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] حيث تعيش القصص. اكتشف الآن