Chapter-443

6.8K 1.2K 56
                                    

Unicode
အပိုင်း၄၄၃- တာလီများ

ဤပြိုင်ပွဲခြောက်ရက်ပြီးနောက်တွင်
နောက်ဆုံးရမှတ်များကအနဲနဲ့အများသေချာလာ၏။

သတင်းရပြီိးနောက်နေ့တွင် စိန်ခေါ်သူများနှင့်
စိန်ခေါ်ခံရသူအားလုံးက သူတို့ရဲ့သက်ဆိုင်ရာ
အခန်းအသစ်များဆီပြောင်းရွှေ့လိုက်ကြသည်။
နည်းပြက သူတို့ကို
အောက်တစ်ဆင့်လျှောချခံလိုက်ရသည့်
လူများ၏အခန်းဟောင်းသို့ခေါ်မသွားပေ။
နေရာမကျန်မှာကိုရှောင်ရှားဖို့အတွက်
အခန်းပေါင်းများစွာပြင်ဆင်ထားပြီးဖြစ်လေသည်။

သူတို့အခန်းများကတော့ ကပ်လျက်ဖြစ်နေဆဲပင်။
ထျန်ရှင်းနဲ့ချန်ရှန်းရုန်က ယူရှောင်းမိုနဲ့
ဘေးကပ်ရပ်ဖြစ်ကာ ချောင်ဝူရှင်းနှင့်ကျုံးယဲ့က
သူနဲ့မျက်နှာချင်းဆိုင်တွင် ဖြစ်၏။

အထပ်ခြောက်ဆယ်ရှိအခန်းများမှာ
ယန်ဟွေ့ပြောခဲ့သလိုပင်။ လုံးဝကြီးခမ်းနားနေအောင်
ပြင်ဆင်ထားတာမဟုတ်ပေမယ့်လို့
အိမ်လိုမျိုးခံစားရစေသည်။

ယန်ဟွေ့က မြောက်ဘက်မျက်နှာလှည့်အခန်းကို
ပိုကြိုက်သည်ဟုဆိုကာ ချန်ရှန်းရုန်နှင့်
အခန်းချင်းလဲချင်ခဲ့သည်၊ သို့သော်
ချန်ရှန်းရုန်ပြန်မဖြေရသေးခင်မှာပဲ
နည်းပြဆရာကသူ့အတွက်
မြောက်ဘက်မျက်နှာလှည့်အခန်းတစ်ခုစီစဉ်ပေး
ခဲ့သည်။ ၎င်းက သူတို့နဲ့ ငါးခန်းခြောက်ခန်းလောက်
ကွာတာကြောင့် သူကပြန်ပြေးလာ၏။

" တောင်ဘက်လှည့်ထားတဲ့အခန်းကလဲ
မဆိုးပါဘူးလေ" ယန်ဟွေ့က ဆင်ခြေသဲ့သဲ့ပေး
လိုက်သည်။

သို့သော် ဘယ်သူကမှဂရုမစိုက်ချေ။
သူတို့ဘယ်သူကမှ အဲ့ဒီ့ရွံစရာကောင်းတဲ့အထပ်မှာ
ဆယ်ရက်နီးပါးနေခဲ့ရတာကိုမခံနိုင်ကြချေ။
ထျန်ရှင်းက သုံးရက်ပဲလို့ပြောခဲ့သော်လည်း
သူမက စိန်ခေါ်ပွဲများအတွက်အချိန်ကို
ကျန်နေခဲ့ခြင်းဖြစ်သည်။

သူတို့က ကြီးမားကျယ်ဝန်းတဲ့အခန်းမှာနေသား
ကျနေပြီဖြစ်တာကြောင့် အခန်းသေးသေးလေးထဲမှာ
အကြာကြီးနေရတာက အသက်ရှူကြပ်စေတယ်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now