Chapter-481

6.4K 1.1K 13
                                    

Unicode
အပိုင်း၄၈၁- အပြည့်အစုံအသွင်ပြောင်းရခြင်း

သူတို့သုံးယောက်က ကွေ့ကောက်နေတဲ့
လမ်းကြောင်းတစ်ခုအတိုင်းလျှောက်သွား
ကြသည်၊ သစ်တောနှင့်မစိမ်းသည်မှာ
ထင်ရှားနေသည်။ သူတို့က
လူကြီးသုံးယောက်လက်နဲ့တောင်ဖက်လို့
မရတဲ့ ပင်စည်အလွန်တုတ်သည့်သစ်ပင်ကြီး
တစ်ပင်ဆီရောက်သည်အထိ ဆက်သွားကြ၏။

ထူးဆန်းသည်မှာ ကြီးမားလှသည့်သစ်ပင်ကြီး
အရိပ်ကျရာမြေကြီးက ပတ်ဝန်းကျင်ရှိ
မြေထက် ပို၍စိုစွတ်နေသလိုဖြစ်နေခြင်းပင်။

"ဒီနေရာပဲ" အမျိုးသမီးဖြစ်သူက ပြောလိုက်တယ်။

အမျိုးသားနှစ်ဦးက သဲအိတ်ကို
ချက်ချင်းချလိုက်ရာ 'တက်' ကနဲအသံမြည်ပြီး
အောက်ပြုတ်ကျသွား၏။ အထဲကပစ္စည်းက
အရမ်းလေးလံပုံရပြီး ပုံသဏ္ဍာန်အရ
ကြည့်ကြည့်လျှင်........ လူနဲ့တူသည်......

ယူ​​ရှောင်းမို မျက်လုံးပြူးသွားတယ်။
လူသတ်မှုတစ်ခုမျက်မြင်တွေ့လိုက်ရတာများလား?

အမျိုးသားနှစ်ဦးက ကျင်းတူးလိုက်ကြ၏။
မြေကြီးက သိပ်မမာတာကြောင့်
ခဏလေးနဲ့တူးပြီးသွားသည်။

သူတို့ထဲကတစ်ယောက်က သဲအိတ်ကို
မတော်တဆဖောက်မိသွားရာ ဖြူစွတ်သည့်
လက်တစ်ချောင်းထွက်ကျလာသည်မို့
အမျိုးသမီးက ချက်ချင်းမြေမြှုပ်ခိုင်းလိုက်
တော့သည်။ လက်ချောင်းထိပ်တွေမှာ
သွေးစသွေးနတွေရှိနေသေးပေမယ့်
ခြောက်ကပ်နေပြီဖြစ်သည်။

"ဘာတစ်ခုမှအသုံးမကျတဲ့ဟာတွေ!
ရိုးရိုးရှင်းရှင်းအလုပ်လေးတစ်ခုတောင်
မှန်အောင်မလုပ်နိုင်ကြဘူး! မြန်မြန်မြှုပ်"
အမျိုးသမီးကဆဲရေးလိုက်၏။

အမျိုးသားနှစ်ဦးက ချက်ချင်းပဲ
သဲအိတ်ကိုကျင်းထဲပစ်ချလိုက်ကာ
မြေကြီးနဲ့ဖုံးလိုက်သည်။ ထင်ရှားစွာနဲ့ ၊
သူတို့လုပ်နေတဲ့အရာကို အလွန်တရာ
ကျွမ်းဝင်နေကြသည်ဖြစ်ရာ ပြစ်မှုကျူးလွန်လေ့
ရှိသူများဖြစ်ကြပေမည်။

အကုန်လုပ်ပြီးနောက်မှာတော့ သူတို့က
လာရာလမ်းအတိုင်းလှည့်ပြန်သွားကြလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now