Chapter-403

7.3K 1.2K 5
                                    

Unicode
အပိုင်း၄၀၃: အဆင်သင့်စောင့်နေခြင်း?

သတ္ထုစားသားရဲပေါ်ထွက်လာမှုကြောင့် မြေအောက်နေရာတစ်ခုလုံးက ရုန်းရင်းဆန်ခတ်ဖြစ်နေ၏။
ကျောက်တူးရင်းအလုပ်ရှုပ်နေသော
ယူရှောင်းမိုကခေါင်းမော့ပြီး အသံတွေ  ထွက်ပေါ်နေတဲ့ဘက်ကို စိတ်ပျက်စွာနဲ့ ကြည့်လိုက်သည်။ထိုလူများရောက်လာတာ မြန်လွန်းသည်။
သူကသူလိုချင်သလောက်မတူးရသေးပေ။

လင်းရှောင်က လမ်းလျှောက်လာပြီး
"ငါတို့ဒီနေရာကနေ ထွက်သွားရမယ်။နောက်နာရီဝက်နေရင် အဲ့လူတွေရောက်လာလိမ့်မယ်။"

ယူရှောင်းမိုက သူတူးထားသောသလင်းကျောက်များကို အိတ်ထဲထည့်လိုက်ပြ်ီး တူနဲ့ဆောက်ကိုသိမ်းလိုက်
သည်။ ဤအရာများအားလုံးက သတ္ထုဒြပ်စင်များ
ဖြစ်သည်။ တစ်ချို့တစ်ဝက်လောက် စုဆောင်းထားဖို့
လွန်ခဲ့တဲ့နာရီဝက်ကမှ သူတွေးမိတာဖြစ်သည်။
ဒီဟာကမြေအောက်ကို လာပြီးတဲ့နောက်
သူ့ရဲ့တစ်ခုတည်းသော ဝါသနာဖြစ်သည်။

"သခင်၊ မြန်မြန်၊ အရမ်းစွမ်းအားကြီးတဲ့လူတစ်ယောက်
လာနေတာခံစားရတယ်။" PiQiuကလဲဝင်လာ၏။
သူက ဆယ့်ငါးနှစ်အရွယ်လောက်ရှိတဲ့
ဆယ်ကျော်သက်လေး ဖြစ်နေပြီဖြစ်သည်။
ဒါပေမယ့်လည်း သူ့အသံကတော့ ကလေးသံလေး ဖြစ်နေတုန်းပဲ။ သူကအခုချိန်ထိ လူပျိုဖော်မဝင်သေးသော
ကလေးတစ်ယောက်ဖြစ်သည်။

ယူရှောင်းမိုက မြန်မြန်လုပ်လိုက်သည်၊
"ကောင်းပြီ။ကောင်းပြီ။"

လွန်ခဲ့သော တစ်နာရီကျော်ကျော်လောက်က
သူတို့ လန်ချုံးနဲ့ကျန်တဲ့သူများနှင့် လမ်းခွဲခဲ့သည်။
လင်းရှောင်က သူတို့ကို ရွှေကမ္ဘာမျက်လုံးသွားရှာခိုင်း
လိုက်သည်။ ရွှေကမ္ဘာမျက်လုံးက မည့်သည့်အရာမှန်း
သူမသိသော်လည်း ဒါကလင်းရှောင်သူ့ကို
အရင်ကပြောခဲ့ဖူးတဲ့ဟာနဲ့ တစ်ခုခုပတ်သတ်နေမယ်
ထင်တယ်။ သူတို့ကတော့ နေမျက်လုံးလို့ခေါ်တဲ့အရာ
ကိုသွားရှာမည်ဖြစ်သည်။

လင်းရှောင်ပြောတဲ့အတိုင်းဆို နေမျက်လုံးက
သတ္ထုဒြပ်စင် အကြွယ်ဝဆုံးနေရာဖြစ်သည်။
ထို့ကြောင့် သူတို့ကသတ္ထုပိုများများရှိတဲ့
အရပ်မျက်နှာကို လျှောက်လာခဲ့ခြင်းဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now