Chapter-408

6.9K 1.3K 2
                                    

Unicode
အပိုင်း၄၀၈: ရေတွင်းထဲမှလွတ်မြောက်ခြင်း

တောင်ပိုင်းတိုက်မကြီးတွင် အဓိကအင်အားစုကြီး
လေးခုအပြင် သေးငယ်သောအင်အားစုပေါင်းများစွာ
ရှိသေး၏။

မည်မျှပင်သေးငယ်ပါစေ နတ်ဒေဝါအဆင့်ကျင့်ကြံသူ
အနည်းဆုံးတစ်ယောက်တော့ရှိ၏။ ဥပမာအားဖြင့်
နန်ကျန်းမှာ ကြယ်တစ်ပွင့်အဆင့်ဖြစ်ပြီး ယူမင်းထက်
တစ်ပွင့်နိမ့်သော်လည်း ဒြပ်စင်အဆီအနှစ်အတွက်
သူပါဝင်တိုက်ခိုက်လျှင် သူတို့အခွင့်အရေးက
လျော့နည်းသွားပေလိမ့်မည်။ နန်ကျန်းနောက်တွင်
အတန်အသင့်အားကောင်းသောသူများလဲ ရှိသေး၏။
ဧကရာဇ်အထွတ်အထိပ်အဆင့်တွင်ရှိသူ
အနည်းငယ်ပါဝင်သည်ပင်။

သူတို့အားလုံးက တစ်စိတ်တစ်ပိုင်းမျှရယူရန်အတွက်
ဆုံးဖြတ်ခဲ့လျှင် မြေဒြပ်စင်အဆီအနှစ်ကို
ဘယ်သူရမလဲဆိုတာက မသေချာတော့ချေ။

"နန်ကျန်း၊ မင်းရဲ့အင်အားက တကယ်ပဲနိုင်နိုင်ခြေ
ရှိပါတယ်။ မင်းသာတစ်ခြားသူတွေနဲ့ ပူးပေါင်းရင်
မင်းအခွင့်အရေးက ငါတို့ထက်တောင်သာလိမ့်မယ်။
ဒါပေမယ့်လည်း သွေးစွေးနီကလန်နဲ့ ရန်ဖက်ဖြစ်ချင်
တယ်ဆိုလဲ သေချာစဉ်းစားအုံး။ ဒါပြီးတဲ့နောက်ကျ
မင်းတို့ဓားပြအဖွဲ့ရဲ့ အဆင့်အတန်းက တောင်ပိုင်း
တိုက်မကြီးမှာ အန္တရာယ်ထဲကျရလိမ့်မယ်။"
ယူမင်းက အေးစက်စက်ခြိမ်းခြောက်လိုက်၏။
သူက မှော်ဆေးဆရာအစည်းအရုံးကို နောက်ဆုံးမှာ
သိမ်းသွင်းနိုင်လိုက်ပြီးမှတော့
ပြိုင်ဖက်တွေအများကြီး မလိုချင်ပေ။

နန်ကျန်းမျက်နှာက ချက်ချင်းပဲ ဒေါသထွက်သွား၏။
"သောက်ရေးမပါတာတွေပြောမနေနဲ့။
မင်း မြေဒြပ်စင်အဆီအနှစ်ကို ယူသွားချင်ရင်
ငါ့ကိုအရင်ဖြတ်နိုင်မှရမယ်။"

မာနနဲ့ဂုဏ်သိက္ခာရှိသူတစ်ယောက်အတွက်၊
ယူမင်းစကားနဲနဲလေးကြောင့် နောက်ဆုတ်ခဲ့ရင်
သူတို့ဓားပြအဖွဲ့နဲ့ သူ့ရဲ့ရက်စက်သောဝံပုလွေဆိုတဲ့
နာမည်ကို ဘယ်သွားထားရတော့မှာလဲ?
သူသာ သွေးစွေးနီကလန်ကို အမှန်တကယ်
ကြောက်နေမယ်ဆိုရင် အစကတည်းက လာခဲ့မှာ
မဟုတ်ပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now