Chapter-462

6.8K 1.2K 9
                                    

Unicode
အပိုင်း၄၆၂- အမှန်ကိုအမှားခြုံခြင်း

တောင်ပိုင်းတိုက်မကြီးတွင် ကွယ်ဝှက်ထားသော
အင်အားစုများစွာရှိသည်၊ သို့သော်
အမှန်တကယ်ကြီးမားတဲ့အင်အားစုတွေက
ချန်မဟာမိတ်နဲ့ သွေးစွေးနီကလန်ဖြစ်သည်။

ဒီမိသားစုကြီးနှစ်ခုက ယနေ့အချိန်ထိ
အေးအေးချမ်းချမ်းဖွံ့ဖြိုးလာနိုင်ခဲ့ခြင်းကို
နတ်ဘုရားအထက်အဆင့်ကျင့်ကြံသူ
တစ်ယောက်စီရှိနေသည်ဟူသော အချက်မှ
ခွဲထုတ်၍မရပေ။ ဤအချက်ကြောင့်သာလျှင်
ယနေ့အထိ စည်းချက်ကိုက်ကိုက်နေလာနိုင်
ခဲ့ခြင်းဖြစ်သည်၊ သို့ပေမယ့်.....

ချန်မဟာမိတ်ဖြစ်တည်လာခဲ့တဲ့အချိန်က
သွေးစွေးနီကလန်ထက် ပိုတိုတောင်းပြီး
သူတို့ဖွံ့ဖြိုးလာတာက အလွန်အမင်းလျင်မြန်လေ
သည်။ ချန်မဟာမိတ်ရဲ့သူလျှိုတွေက
တောင်ပိုင်းတိုက်မကြီးတစ်ခုလုံးမှာ
မြန်မြန်ဆန်ဆန်ပျံ့နှံ့လာရုံသာမက
အခြားနယ်မြေများသို့ပင် ရောက်နေပြီဖြစ်၏။
သူတို့ရဲ့သတင်းကွန်ယက်မှာပဲဖြစ်ဖြစ်၊
စွမ်းအားကြီးကျင့်ကြံသူတွေမှာပဲဖြစ်ဖြစ်၊
သွေးစွေးနီကလန်ကို ထိုနယ်ပယ်နှစ်ခုစလုံးတွင်
အနဲငယ်သာလွန်နေလေသည်။

အဆိုတစ်ခုရှိသည်မဟုတ်လား၊
တောင်တစ်လုံးတွင် ကျားနှစ်ကောင်မနေနိုင်ပေ။

သွေးစွေးနီကလန်က ချန်မဟာမိတ်ရဲ့လျင်မြန်တဲ့
ဖွံ့ဖြိုးတိုးတက်မှုကြောင့် အံ့အားသင့်ခဲ့ရသည်။
ထို့ကြောင့် သူတို့ကအပေါ် ယံတွင်
ခင်မင်နေသော်လည်း တိတ်တဆိတ်ပြင်ဆင်နေကြပြီး
သတိတထားရှိနေကြ၏။ သို့ပေမယ့်
ညီမျှမှုက ဘာလို့အခုထက်ထိမပျက်စီးသေး
တာလဲ?

ဘာလို့လဲဆိုတော့ အခွင့်အရေးမရှိသောကြောင့်ပင်။

အခုလက်ရှိမှာ၊ နှစ်ဖက်စလုံးတွင်
စောင့်ကြည့်ပေးနေသည့် စွမ်းအားကြီးပုဂ္ဂိုလ်
တစ်ယောက်ရှိနေ၏။ သူတို့တွေအမှန်တကယ်
တိုက်ခိုက်ကြလျှင် နှစ်ဖက်လုံးအထိနာမည်
ဖြစ်ပြီး အခြားလူတွေအတွက်အခွင့်သာသွားမည်
ဖြစ်သည်။

သို့ဖြစ်၍ ချန်မဟာမိတ်နဲ့ဆက်ဆံရေးကောင်းဖို့
ရည်ရွယ်ချက်ရှိတဲ့ အခြားနတ်ဘုရားအဆင့်
ကျွမ်းကျင်သူတစ်ယောက်ပေါ် လာခဲ့ရင်
သွေးစွေးနီကလန်ခေါင်းဆောင်က
သေချာပေါက်မသက်မသာခံစားရမည်ဖြစ်ပြီး
ကိုယ်တိုင်ကိုယ်ကျရှေ့ထွက်လာမည်ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now