Chapter-553

6.4K 1.2K 148
                                    

//Unicode//

အပိုင်း(၅၅၃) ဝါးမြိုခြင်းနတ်ဘုရားမီးလျှံ

ဒါကလည်း နတ်ဆိုးဖီးနစ်နတ်ဘုရားမီးလျှံပင်၊
ဒါပေမယ့် အဆင့်တူချင်းမှာတောင် အားနည်းသည့်
နတ်ဘုရားမီးလျှံနှင့် အားကောင်းသောနတ်ဘုရား
မီးလျှံဟူ၍ ထပ်ရှိသေးတာကို သိသူ
အနည်းငယ်သာရှိသည်။

ကျိရွေ့ ဒီအကြောင်းကိုသိသည်၊ ဒါကြောင့်ပဲ
သူတို့ကျင့်ကြံခြင်းက အဆင့်တူရင်တောင်
သူမရဲ့နတ်ဘုရားမီးလျှံက လင်းရှောင်ရဲ့ဟာထက်
သန်မာမည်ဟုထင်ခဲ့သည်။ ဒါကသူတို့ကျင့်ကြံခြင်းနဲ့
မဆိုင်ဘဲ သွေးမျိုးဆက်နှင့်သာဆိုင်သည်.....
တစ်ယောက်ကသွေးသန့်၊ တစ်ယောက်ကသွေးနှော။
ဘယ်သူကပိုသန်မာလဲ ပိုအားနည်းလဲ
တစ်ချက်ကြည့်ရုံနှင့် ပြတ်သားနေသင့်သည်။

သို့သော် သူမကိုယ်ပိုင်နတ်ဘုရားမီးလျှံက
လင်းရှောင်မီးလျှံရဲ့ ဝါးမြိုခြင်းခံလိုက်ရသည့်
အချိန်မှာ သူမ ကြက်သေသေသွားမိ၏။
သူမနတ်ဘုရားမီးလျှံက ကွဲကြေသွားတာမဟုတ်ဘဲ
ဝါးမြိုခံလိုက်ရခြင်း။ ??

ဝါးမြိုစွမ်းအားရှိသော အစစ်အမှန်နတ်ဘုရားမီးလျှံ
ကသာလျှင် အခြားသောနတ်ဘုရားမီးလျှံများကို
ဝါးမြိုနိုင်သည်။ သို့သော်လည်း ဒီလိုအရာမျိုးက
နတ်ဆိုးဖီးနစ်မျိုးနွယ်စုထဲမှာ မရှိခဲ့ဖူးပေ။
သူတို့နတ်ဘုရားမီးလျှံတွေမှာ ဝါးမြိုနိုင်စွမ်းမပါရှိဘဲ
'သန်မာ' 'အားနည်း' နှစ်ခုသာ ခွဲခြားထားသည်။

ကျိရွေ့လည်ချောင်းတစ်လျှောက် သွေးတစ်လုပ်
ဆန်တက်လာပြီး ကြေးနီအရသာကပါးစပ်အနှံ့
ပျံ့နှံ့သွားသည်။

နတ်ဘုရားမီးလျှံ ဝါးမြိုခံလိုက်ရခြင်းက
ရိုးရိုးတန်းတန်းရှုံးနိမ့်ရခြင်းထက်ပို၍ သူမ
အသက်စွမ်းအားကို ထိခိုက်စေသည်။ အတွင်းဒဏ်ရာ
မကြီးပေမယ့် လင်းရှောင်၌ဝါးမြိုနိုင်စွမ်းအားရှိသည့်
နတ်ဘုရားမီးလျှံပိုင်ဆိုင်ထားသည်ကိုသိပြီးနောက်
သူမ ရင်မဆိုင်ဝံ့တော့ပေ။

ဒီသတင်းကို မျိုးနွယ်စုအကြီးအကဲများဆီ
ပို့ပေးရမည်။

ဝါးမြိုနိုင်စွမ်းရှိသည့်နတ်ဘုရားမီးလျှံကိုပိုင်ဆိုင်သော
မျိုးနွယ်စုဝင်တွေက ဖီးနစ်မျိုးနွယ်စုအတွက်
ရတနာတစ်ပါးဖြစ်သည်။ သို့ပေမယ့် ဒီရတနာနဲ့
သူတို့အကြားမှာ ရန်ငြှိုးရန်စရှိခဲ့ပါက ကပ်ဆိုးတစ်ခု
ဖြစ်ပေလိမ့်မည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now