Chapter-588

6K 1.3K 105
                                    

//Unicode//

အပိုင်း၅၈၈- ရေအောက်ကမ္ဘာ

ဤပုံရိပ်ယောင်ကို ခင်းကျင်းထားသူက
ဒီထဲမှာ လမ်းပျောက်သွားသူအားလုံးကို
သတ်ပစ်ဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။
နည်းနည်းလေးမှ မသက်ညှာထား။ ပုံရိပ်ယောင်
များသာ ဖန်တီးသည့်အစီအရင်မဟုတ်ဘဲ
လေက သင်တုန်းဓားများဖြစ်လာပြီး၊ မြက်တွေက
သေလောက်သည်၊ နေရာတိုင်းမှာ သေမင်းတမန်
ထောင်ချောက် တစ်ခုမဟုတ်တစ်ခု ရှိသည်။
ဗဟိုချက်ကိုရှာပြီး မဖျက်စီးနိုင်ပါက
စိတ်စွမ်းအင်ကုန်ဆုံးပြီး သေရပေလိမ့်မည်။

လှုပ်ရှားသူမှာ အံ့ဩဖို့ကောင်းစွာပင် လင်းရှောင်
မဟုတ်ဘဲ ယူရှောင်းမိုဖြစ်သည်။ လင်းရှောင်
ဒဏ်ရာရစကတည်းက ကာယလုပ်အားကို
သူကပဲစိုက်လေသည်။

ဤပုံရိပ်ယောင်အစီအရင်သည် မူမမှန်ဘဲ
ဖျက်စီးရ ခက်ပုံပေါ်သော်လည်း ယူရှောင်းမို
အတွက်တော့ မနက်ခင်းကောင်းကင်ကြီးမှာ
လခြမ်းကွေးကြီးထွက်နေတာကိုက ထင်ရှားနေပြီ
ဖြစ်သည်။

သို့ဖြစ်၍ တွေဝေမနေဘဲ လမင်းကြီးကို
သူ၏အဇူရာလက်ဝါးဖြင့်
ပြားအောင်ရိုက်ချလိုက်သည်။
ချက်ချင်းဆိုသလို ပုံရိပ်ယောင်အစီအရင်
ပြိုကွဲသွားသည်၊ သို့သော် သူ ပြန်တွေးပြီး
မပျော်ရသေးခင် ထပ်ပြီး တိုက်ခိုက်ခံရလေသည်။

အရင်က သူ့ကို စပရိုက်တိုက်ခဲ့သည့်
အနက်ဝတ်လူကဲ့သို့ပင် ဤလူများသည်
တူညီစွာဝတ်ဆင်ထား၏။ အနက်ဝတ်လူ
သုံးယောက်၏တိုက်ကွက်များက ရက်စက်လှသည်။
အစီအရင်ထဲမှ ထွက်လာလာချင်း သူတို့
ဓားရှည်များက အသက်အင်္ဂါများကိုသာ
ဦးတည်နေသည်။

သို့သော်လည်း လင်းရှောင်က ကြိုတင်ပြင်ဆင်
ထားခဲ့သည်။ သူ့ဆီကနေပြီးတော့ မြွေလို
မီးလျှံအမျှင်တန်းလေးနှစ်ခု လျှောထွက်သွားပြီး
အနက်ဝတ်လူများ၏ဓားရှည်ကို ရစ်ပတ်လိုက်သည်။
ဓားရှည်ကို တွယ်တက်လျက် ထိုသူများ၏
ခန္ဓာကိုယ်ပေါ်သို့ လျှင်မြန်စွာရောက်ရှိသွားကြသည်။
အနက်ဝတ်လူများလည်း သူတို့ကိုယ်သူတို့
ကာကွယ်ရန်အတွက် အနောက်ပြန်ဆုတ်ရတော့
သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now