Chapter-400

66.2K 1.8K 90
                                    

Unicode
အပိုင်း၄၀၀: ရှားပါးသောသတ္ထုအသစ်

"ဒီလိုဏ်ခေါင်းရဲ့နယ်နိမိတ်အဆုံးမှာအသိအမှတ်ပြု ထားခြင်းမရှိတဲ့သတ္ထုဒြပ်စင်တစ်ခုရှိတယ်။ဒီလူအိုကြီးကသတ္ထုစားသားရဲရဲ့အလေ့အထတွေအကြောင်းစာအုပ်နည်းနည်းဖတ်ဖူးထားပါတယ်။အဲ့ဒီ့သားရဲကသတ္ထုဒြပ်စင်တွေရှိတဲ့နေရာမှာနေရတာကိုကြိုက်တယ်။ဒါ့ကြောင့်ဒီနေရာကနေရာအမှန်ဖြစ်နိုင်တယ်။" သားရဲသဏ္ဍာန်ပြောင်းခြင်းအဖွဲ့အစည်းကHuang FuLiကသူ့ရဲ့မုတ်ဆိတ်မွေးကိုသပ်ရင်းပြောလိုက်သည်။

သူပြောပြီးတဲ့အချိန်မှာပဲYou Mingကသွေးစွေးနီ ကလန်သားတွေနဲ့အတူလျှောက်ဝင်လာတယ်။

ဒါကိုတွေ့တော့လူတွေကတိုးတိုးတိတ်တိတ်ကျိန်ဆဲလိုက်ကြတယ်။You Mingကအစကတည်းကဒီလိုဏ်ခေါင်းက နေရာအမှန်ဆိုတာသိနေတာပဲ။ဒါပေမယ့်သူကဘာမှမပြောခဲ့ဘူး။သူမလှုပ်ရှားခင် သားရဲအသွင်ပြောင်းခြင်းအဖွဲ့အစည်းကလူတွေက ပြောလိုက်လို့သာ၊သူ့ရဲ့အကြံအစည်ကနေ့ခင်းဘက်လိုထင်ရှားနေတာပဲ။

ဘယ်သူကမှနောက်ကျန်မနေခဲ့ချင်ကြတာကြောင့် တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြတော့တယ်။

လိုဏ်ခေါင်းအပေါက်နားပတ်ပတ်လည်ကလူအရေအတွက် တစ်ဝက်လောက်လျော့နည်းသွားဖို့အချိန်သိပ်မကြာလိုက်ဘူး။

အချိန်ကန့်သတ်ချက်ကြောင့်ဝင်ပေါက်နဲ့အဝေးကလူတွေတောင်မြန်မြန်ရောက်လာကြတယ်။စိတ်မရှည်တဲ့တစ်ချို့လူတွေကတော့လေပြင်းတွေကြောင့်လှီးဖြတ်ခံရတော့မလိုပဲ။

You Xiao Moနဲ့Ling Xiao ဝင်ပေါက်ကိုရောက်တော့အင်အားစုဝင်တွေတော်တော်များများမရှိတော့ဘူး။

"ဒီအပေါက်ကCatQiuရဲ့ပါးစပ်နဲ့မတူဘူးလား?"
You Xiao Moကသူ့ခေါင်းကိုစောင်းလိုက်ပြီး အပေါက်ဝရဲ့ပုံစံကိုကြည့်လိုက်တယ်။ဒါကရှားရှားပါးပါးစက်ဝိုင်းပုံပဲ၊CatQiuဝါးသမ်းနေတဲ့ပုံနဲ့တူတယ်လို့ခံစားရတယ်။ မည်သို့ပင်ဆိုစေသူတို့ကရတနာရှာဖွေဖို့သွားမှာဆိုတော့ သူနည်းနည်းလေးစိတ်လှုပ်ရှားနေတယ်။

Ling Xiaoသူ့ကိုကြည့်လိုက်ပြီးပြောလိုက်တယ်
"CatQiuကအခုထိပြည့်ပြည့်ဝဝအရွယ်မရောက်သေးဘူး။"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now