Chapter-404

7.1K 1.2K 6
                                    

Unicode
အပိုင်း၄၀၄: ရှေးဟောင်းရေတွင်း

နှစ်ဆယ်မီတာ၊ ဆယ့်ငါးမီတာ၊ ရှစ်မီတာ၊
လေးမီတာ......

ညစ်ညမ်းတဲ့လူကြီးရဲ့အမူအရာဟာ
သူနီးကပ်လာတာနဲ့အမျှ ရက်စက်သောအသွင်မှ
အလွန်အမင်းပျော်ရွှင်နေသောအသွင်သို့
ပြောင်းလဲသွား၏။ ရတော့မယ်၊
သူသတ္ထုစားသားရဲကိုရတော့မယ်။
အဲ့လိုဖြစ်လာတဲ့အခါကျရင် သူတစ်ခြားသူတွေရဲ့
အထက်မှာနေနိုင်တော့မယ်။
ဘာသွေးစွေးနီကလန်လဲ?
ဘာမှော်ဆရာအစည်းအရုံးလဲ?
ဘာချန်မဟာမိတ်လဲ? သူတို့အားလုံးသူ့ရှေ့မှာ
ဦးညွှတ်ရလိမ့်မယ်။

"ဘုန်း!!!"

ရုတ်တရက် ပြင်းထန်တဲ့အားတစ်ခုက သူ့ကိုရိုက်ချ
လိုက်ပြီး သူ့ရဲ့ချိုမြန်လှတဲ့နေ့ခင်းအိပ်မက်ကို
ဖျက်ဆီးလိုက်တော့၏။ သူနှစ်မီိတာလောက်ပဲ
သွားဖို့ကျန်တော့တဲ့အချိန်မှာ အိပ်မက်က
မှန်တစ်ချပ်လိုပဲ ချက်ချင်းကွဲကြေသွားရတော့သည်။
ကျိုးပဲ့သွားသောအပိုင်းအစများက ကြမ်းပြင်ပေါ်သို့
ကျသွားတော့၏။

သူကပြင်းထန်စွာထိခိုက်မိသွားပြီး သွေးအန်ကာ နာကျင်စွာအော်ဟစ်ရင်း
ကြမ်းပြင်ပေါ်ပြုတ်ကျသွား၏။
သူကနောက်ဆုံးထွက်သက်ရောက်နေပြီဖြစ်သည်။

မယုံကြည်နိုင်စွာနဲ့ သူခေါင်းလှည့်ကြည့်လိုက်တော့
သူ့ကိုတိုက်ခိုက်ခဲ့သည့်သူကို တွေ့လိုက်ရတော့သည်။

အမှောင်ထုထဲမှာ ထိုချောမောသော ယောက်ျား၏
မျက်လုံးများထဲတွင် ခရမ်းရောင်မီးတောက်တစ်ခုက
ကခုန်နေဟန်ရှိ၏။ ကိုယ့်အတိုင်းအတာကိုမသိတဲ့
ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသလိုမျိုး
သူ့ကို အထက်မှကြည့်နေ၏။
ထိုအကြည့်ကအရာအားလုံးထက်သာလွန်သော
အကြည့်မျိုးဖြစ်သည်။

သူလည်း အထက်မှာနေပြီး ထိုကဲ့သို့သော မျက်လုံးများဖြင့် အခြားသူများကို
ကြည့်နိုင်ဖို့ အိပ်မက်ရှိခဲ့ဖူးသည်။ သူ့မှာအခွင့်အရေးရခဲ့ပြီး
ထိုအခွင့်အရေးမှာ နီးကပ်ခဲ့ပါသော်လည်း
ဒီလူကြောင့် အလွယ်တကူ ကွဲကြေခဲ့ရ၏။

သူသေသွားတဲ့အချိန်ထိ
ညစ်ညမ်းတဲ့လူကြီးက ဘာကြောင့်လဲဆိုတာ နားမလည်ခဲ့ဘူး။ လိုဏ်ခေါင်းထဲမှာ လူနှစ်ယောက်ပဲ
တွေ့ခဲ့တယ်ဆိုတာ သေချာတယ်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now