Chapter-567

6.1K 1.2K 86
                                    

//Unicode//

အပိုင်း(၅၆၇) ပြဿနာဖြေရှင်းပြီး

အဆုံးမှာတော့ ယူရှောင်းမိုတစ်ယောက် ငြင်းခုံခြင်းကို
မနိုင်ခဲ့ပါ။

ဆေးလုံးဖော်စပ်ရန် အခြားမှော်ဆရာတစ်ဦး
ငှားယမ်းခြင်းက အမှန်ပင်စွန့်စားရာကျသည်။
ထည့်သွင်းစဉ်းစားရန်၊ အန္တရာယ်များ၊ ဖော်ထုတ်ခံရ
ခြင်းများ စသဖြင့်များပြားလှသည်။ သူတို့ကိုယ်တိုင်
လုပ်တာပဲကောင်းပေသည်။

"ခုနတုန်းက ဘာရယ်နေတာလဲပြောဦး"

ဆေးလုံးအကြောင်းဆွေးနွေးပြီးနောက် လင်းရှောင်က
ခေါင်းစဉ်အဟောင်းကိုပြန်ဆွဲယူလိုက်သည်။
သူ့တွင် ယူရှောင်းမိုထက်ကြည်လင်တဲ့ဦးနှောက်ရှိကာ
အခြားတစ်ခုဖက်သို့သွားပြီးနောက်တွင်ပင် အရင်က
ခေါင်းစဉ်ကို လမ်းကြောင်းပေါ်ပြန်တွန်းတင်နိုင်စွမ်း
ရှိလေသည်။

ယူရှောင်းမိုက ပိုင်ရှင်ကအပြင်လူတွေကိုသတ်ပြီး
ပေါက်စီထဲထည့်ချက်ကာ သူတောင်တစ်ခုစားမိတော့
မလို ဖြစ်သွားသည်များအပါအဝင် ဒီနှစ်ရက်အတွင်း
ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံးရှင်းပြလိုက်သည်။

"ခင်ဗျား တုံကျိုးကိုအရင်ကရောက်ဖူးလား။
ကျွန်တော်ကတော့ ကျိကျိုးမြို့သားတွေက
တော်တော်လေးရွံဖို့ကောင်းတယ်လို့ထင်တယ်"

လင်းရှောင်ကဖြေသည်။

"အရင်ကတစ်ခေါက်ရောက်ဖူးတယ်။ ဒါပေမဲ့
အကြာကြီးမနေခဲ့ဘူး။ ပြီးတော့ အဲ့ဒါ လွန်ခဲ့တဲ့
နှစ်တစ်သောင်းတုန်းကလေ။ တုံကျိုးကကိုယ့်
မှတ်ဉာဏ်တွေထဲကနဲ့ ကွဲပြားသွားပြီ၊ ဒါပေမဲ့
သူတို့ရဲ့ အပြင်လူမုန်းတီးတဲ့စိတ်ကတော့ အမြဲတမ်း
ဒီလိုပဲ၊ အထူးသဖြင့်ကျင့်ကြံရေးမြို့တွေပဲ၊
အများစုက မျိုးနွယ်စုဝင်တွေမဟုတ်ကြဘူး"

"မြို့သားတွေက ဒီတိုင်းထားလိုက်မယ်လို့တော့
ကျွန်တော်မထင်ဘူး။ အခုလောလောဆယ်အတွက်
ကျွန်တော့်နယ်မြေထဲမှာနေမလား"

ယူရှောင်းမိုက အကြံပြုလိုက်သည်။ သူ အနည်းဆုံး
လင်းရှောင်ကို နယ်မြေထဲထည့်ပစ်ထားချင်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Tempat cerita menjadi hidup. Temukan sekarang