Chapter-529

5.8K 1.1K 56
                                    

//Unicode//

အပိုင်း ၅၂၉- တိုက်ရိုက်ဆင်းသက်လာသူ

နတ်ဆိုးသားရဲသင်္ချိုင်းမြေမှာ အရင်တစ်ခေါက်
သူတို့ထွက်လာတုန်းကအတိုင်းပင်ရှိနေဆဲ
ဖြစ်သည်။ အမှောင်စွမ်းအင်သည်
သိပ်သည်းထူထပ်လှကာ တစ္ဆေညည်းသံ
အော်ဟစ်မြည်တမ်းသံတွေကြားနေရသည်။

ယူရှောင်းမို အစကတော့ပထမတစ်ခါကလို
ပျံသန်းပြီးဖြတ်သွားချင်ပေမယ့်
နီးကပ်လာတာနဲ့အမျှ နတ်ဆိုးသားရဲသင်္ချိုင်းမြေ
ထဲကတစ်စုံတစ်ခုက သူ့ကိုဆွဲဆောင်နေသည့်
အလား နှလုံးသားထဲတွင်ထူးဆန်းတဲ့
ခံစားချက်တစ်ခုထွက်ပေါ် လာသည်။
အရင်တစ်ခါက ဒီလိုခံစားချက်မျိုးမရခဲ့တာ
အသေအချာပါပင်။

ယူရှောင်းမိုကလင်းရှောင်ကိုပြောပြလိုက်သည်။

လင်းရှောင်သည်လည်း အတော်လေးအံ့အားသင့်
သွား၏။

နတ်ဆိုးသားရဲသင်္ချိုင်းမြေသည် ရှေးဟောင်း
စစ်မြေပြင်တစ်ခုဖြစ်၏။ အတွင်းမှာ
အမှန်တကယ် တစ်စုံတစ်ခုရှိခဲ့ရင်တောင်မှ
ယူရှောင်းမိုက ဒီဘဝကိုတစ်ဝက်မှာကူးပြောင်း
လာတာဖြစ်လို့ သူနဲ့မဆိုင်သင့်ပေ။

"ဝင်ပြီးတစ်ချက်လောက်ကြည့်ကြည့်မလား?"
လင်းရှောင်က အကြံပေးလိုက်သည်။
နတ်ဆိုးသားရဲသင်္ချိုင်းမြေထဲမှာ မသေဆုံးခင်ချိန်က
သူ့ထက်တောင်ပိုပြီးသန်မာခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်
တွေရှိတယ်ဆိုပေမယ့်လည်း အဆုံးမှာတော့
သူတို့သေတာကြာလှနေပြီလေ။ အသက်ရှိစဉ်က
ဘယ်လောက်ပဲစွမ်းအားကြီးခဲ့ပါစေ
သေတဲ့အခါ သူတို့ရဲ့မူလစွမ်းအားတွေကို
ပြန်ရနိုင်ဖို့ မဖြစ်နိုင်ပေ။ ထို့ပြင်
နတ်ဘုရားမီးလျှံသည် သူတို့ရဲ့သဘာဝ
ရန်သူပင်ဖြစ်နေသည်။

ယူရှောင်းမို နှာခေါင်းကိုတို့လိုက်သည်။
နီးလာလေလေ ဆွဲငင်ဓာတ်ကပိုပြင်းလာလေလေပင်၊
ဆေးမိလို့ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်
တာမျိုးမဟုတ်ဘဲ တစ်စုံတစ်ရာကသူ့ကို
အဆက်မပြတ်လောဆော်နေသည့်နှယ် ဖြစ်သည်။
စိတ်မအေးနိုင်တဲ့ခံစားချက်တစ်ခုရနေတာကြောင့်
လင်းရှောင်အကြံပေးတာကို ခဏလေးပဲ
တွန့်ဆုတ်နေပြီးတော့သဘောတူလိုက်လေသည်၊

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now