Chapter-477

6.5K 1.2K 38
                                    

Unicode
အပိုင်း၄၇၇- ကျွန်တော့်အဖေမဟုတ်ဘူး

အမ်မရမ်သိုင်းတောင်မှာ ပါရမီရှင်များစွာကို
မြေတောင်မြှောက်ပေးခဲ့သည့်
လှပသောရှုခင်းများရှိရာ နှစ်သက်ကြည်နူးဖွယ်
နေရာတစ်ခုဖြစ်သည်။ တောင်ထွတ်မှာ
နိမ့်သော်လည်း ပတ်ပတ်လည်ရှိ
ရှည်လျားမတ်စောက်သည့်တောင်ထွတ်အားလုံးကို
ရှင်းလင်းစွာမြင်နိုင်လေသည်။
အမြဲတမ်းထိုင်းမှိုင်းနေတတ်သူမဟုတ်သရွေ့
အမ်မရမ်သိုင်းတောင်ပေါ် ၌နေထိုင်ခြင်းက
နေ့တိုင်းစိတ်ပျော်ရွှင်စေနိုင်မည်ပင်။

မွေးနေ့ပွဲပြီးဆုံးသွားပြီးနောက် လင်းရှောင်နှင့်
ယူရှောင်းမိုက နေခဲ့ရန်ရွေးခဲ့ပြီး
ယင်ကောနှင့်ကျန့်ယွီရွှမ်းကမူ
ဒုတိယမြောက်နေ့၌ထွက်ခွာသွားလေသည်။
သူတိို့မှာ ယင်ကော၏ဖခင်
ခေါင်းကိုးလုံးမြွေဘုရင်အား ဒိုင်းတစ်ခုအဖြစ်
ရှိနေသောကြောင့် ဘယ်သူကမှ
သံသယမဝင်ခဲ့ကြပေ။

ထိုနေ့က ဝေ့ပိုင်နှင့်စကားပြောပြီး နောက်ရက်၌ဖျားနာနေခဲ့တာကြောင့်
သူ့ကိုမတွေ့ခဲ့ရချေ။

ပျင်းသွားတော့မှ လင်းရှောင်က သူ့နယ်မြေထဲ
ထည့်ခဲ့တဲ့အဖြူရောင်ဝတ်လူအား
ယူရှောင်းမိုသတိရလေသည်။
နယ်မြေထဲဝင်ခါနီးတွင် ရှုန်းရှောင်ကသူ့ကို
လာရှာ၏။

သွေးစွေးနီကလန်ကိုစစ်ဆေးကြည့်ဖို့
သူတို့ကအလုပ်အပ်ခဲ့တာကို ရှုန်းရှောင်တစ်ယောက်
သာသိသည်။ သွေးစွေးနီကလန်ရဲ့
ပျောက်နေတဲ့တပည့်ကဘယ်သူလဲဆိုတာ
သူမသိခဲ့လျှင်တောင် သူ့ဉာဏ်ရည်နှင့်
ခန့်မှန်းမိဖို့မခက်ချေ၊ သို့ပေမယ့်
အခြေအနေများကိုတော့ ပြည့်ပြည့်ဝဝ
နားလည်ထားမည်မဟုတ်ပေ။

ယူရှောင်းမိုက စိုးရိမ်သွား၏။

လင်းရှောင်က သူ့လက်ကိုကိုင်လိုက်သည်။

"ဘာစိုးရိမ်စရာရှိလို့လဲ?..ကိုယ်တို့ကို
ခြိမ်းခြောက်ရဲရင် သတ်ပစ်လိုက်ရုံပဲ....
အများဆုံးမှ ကိုယ်တို့ထွက်ပြေးလိုက်ရင်ရပြီ"
လင်းရှောင်က အခြေအနေကိုလက်ထဲ
ကိုင်ထားနိုင်သည့်ပုံဖြင့် သာမာန်ကာလျှံကာမျှ
ပြောလိုက်လေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now