Chapter-437

6.5K 1.2K 38
                                    

Unicode
အပိုင်း၄၃၇- မဆုတ်မနစ်သောဇွဲ

ယူရှောင်းမိုက သူ့လက်နှစ်ဖက်ကိုပွတ်နေရင်း
ကျူဟုန်လက်ထဲကစက္ကူစကို စိုက်ကြည့်
နေတယ်။ နတ်ဘုရားတွေငါနဲ့အတူရှိပါစေ၊
သူဆုတောင်းလိုက်တယ်။ စက္ကူပေါ်က
နာမည်ကိုသူ့နာမည်ဖြစ်ပေးလိုက်ပါ၊
ဖြစ်ကိုဖြစ်ရမယ်။ ယူရှောင်းဟာဆိုတဲ့
နာမည်ကိုလဲမစက်ဆုပ်တော့ဘူးလို့
ကတိပေးပါတယ်။

"ဒီကောင်က ဆန်းကြယ်သလိုလိုလုပ်ပြီး
အချိန်ဆွဲနေတာပဲ" ထျန်ရှင်းကလဲ
ကျူဟုန်ဘယ်သူ့ကိုရွေးမိသွားလဲဆိုတာ
သိချင်နေတယ်၊ သူ့လှုပ်ရှားမှုတွေက
လူတိုင်းကိုဆန့်ငင်ဆန့်ငင်ဖြစ်နေပြီး
ပိုသိချင်အောင်လုပ်ဖို့ တမင်နှေးနေသလိုပဲ။

ကျူဟုန်ကစက္ကူစပေါ်ကနာမည်ကို
ကြည့်မနေဘူး။ အဲ့အစား လူတိုင်းရဲ့အကြည့်က
သူ့ပေါ်ရောက်နေတာကိုကျေနပ်နေကာ
ဒိုင်လူကြီးကိုစက္ကူစလှမ်းပေးဖို့ အချိန်ဆွဲနေလိုက်
တယ်။ ရွေးခံရဖို့ဆယ်ရာခိုင်နှုန်းထက်နည်းတဲ့
နာမည်တစ်ခုကိုဆွဲထုတ်မိရလောက်အောင်ထိ
သူ့ကံဆိုးနေမယ်လို့ မယုံဘူး။

ဒိုင်လူကြီးက စက္ကူစကိုတည်ငြိမ်စွာယူလိုက်ပြီး
နောက်ဘက်ကိုလှန်လိုက်တယ်။ သူ့မျက်လုံးက
နာမည်ရေးထားတဲ့ထောင့်ကို ရွေ့သွားတယ်။
နာမည်ကိုမြင်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က
အနဲငယ်တုန်သွားပြီး သူ့မျက်နှာမှာ
ထူးဆန်းတဲ့အမူအရာတစ်ခုပေါ်လာတော့၏။

ဤလှုပ်ရှားမှုသေးသေးလေးကို လူအုပ်ကြီးက
ချက်ချင်းသတိထားမိလိုက်ပြီး၊ မကြာခင်မှာပဲ
ပွဲကြည့်ထိုင်ခုံတွေဘက်ကနေ လှုပ်ရှားတက်ကြွနေတဲ့
ဆွေးနွေးသံများထွက်ပေါ်လာတော့သည်။

"ဘာလဲ..ဘာလဲ..ဒိုင်လူကြီးရဲ့အမူအရာက
ဘာဆိုလိုတာလဲ? သူအရွေးခံလိုက်ရတာလား
မခံလိုက်ရတာလား?"

"ဘယ်လောက်မုန်းဖို့ကောင်းတဲ့လူတွေလဲ၊
ဆန့်တငင်ငင်ဖြစ်အောင်နဲ့ ငါတို့ကိုပိုသိလာချင်အောင်
ပဲ လုပ်ဖို့တတ်တယ်"

"ဟဟ...သူသာဒီလိုမလုပ်ရင် ဒီရဲ့သမိုင်းဝင်
တင်းမာနေတဲ့အခိုက်အတန့်ကိုဘယ်လိုလုပ်
ပြလို့ရတော့မလဲ။ ငါ့အမြင်ကတော့
သူအရွေးမခံရဖို့ပိုများတယ်။ ဒိုင်လူကြီးက
တစ်ခြားလူတွေကိုမှားယွင်းခန့်မှန်းမိအောင်
လုပ်ရတာကြိုက်တယ်လေ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now