Chapter-480

6.9K 1.2K 72
                                    

Unicode
အပိုင်း၄၈၀- မဟာအမှား

ယူရှောင်းမိုရဲ့နှလုံးသားလေးကိုခွဲနိုင်တဲ့
အရာရှိခဲ့ပါလျှင် အချိန်သာဖြစ်ပေမည်။

ကျုံထျန်းကိုပြန်ရောက်ဖို့ တစ်လခွဲအချိန်က
မလောက်ဘူးထင်ခဲ့တာကြောင့် စာရင်းကနေ
သူ့နာမည်ဖယ်ထားခဲ့သည်လေ။ ဒါပေမယ့်လည်း
တစ်လခွဲမကုန်ခင် ရက်အနည်းငယ်ကျန်သေး
လေသည်၊ ဆိုလိုသည်မှာ သူအချိန်မီနိုင်ဖို့
အတော်လေးဖြစ်နိုင်သေးသည်။
တကယ်ကြီးလားကွာ..... သူ့အမှတ်တွေတော့
သွားပါပြီ....

သို့ပေမယ့်လည်း နယ်မြေပြောင်းအဆောင်
လက်ဖွဲ့တွေအကုန်သုံးလိုက်ပြီးပြီဖြစ်သည်မို့
ကျုံထျန်းသို့ ချက်ချင်းပြန်မရပါချေ။

အဆောင်လက်ဖွဲ့မသုံးလျှင် ပြန်ရောက်ဖို့
တစ်လကြာပေမည်၊ သို့ဖြစ်၍ယူရှောင်းမိုက
လင်းရှောင်ကို အဆောင်လုပ်ဖို့ခိုင်းတော့သည်။

ဒီအဆောင်တွေကိုလုပ်တတ်သွားရင်
တစ်ခုဆို စွမ်းအင်ကျောက်တုံးဆယ်သန်းကျော်
လောက်ရနိုင်တယ်လေ။

လင်းရှောင်က သူ့မျက်လုံးကိုတည့်တည့်ကြည့်
လိုက်ကာ "စွမ်းအင်ကျောက်တုံးတွေကြိုက်တယ်"
ဆိုတဲ့စကားကို မျက်လုံးချင်းစကားပြောလိုက်သည်၊
သူ့မျက်နှာပေါ် စွဲသွားလည်း ကောင်းတာပဲ။
နှစ်စက္ကန့်လောက် ခပ်ဆိတ်ဆိတ်ကြည့်ပြီး
နောက်မှာတော့ အကြည့်လွှဲလိုက်တော့သည်။

နယ်မြေပြောင်းအဆောင်လက်ဖွဲ့ မှာ
တစ်စင်တီမီတာအထူခန့်ဖြတ်ထားသည့်
ကျောက်စိမ်းပါးပါးလေးဖြစ်ပြီး
ယူရှောင်းမိုလက်ရဲ့ သုံးပုံတစ်ပုံလောက်ရှိသည်။
လိုအပ်သည့်ပစ္စည်းမှာ နည်းပါးလှသော်လည်း
လေဟာနယ်စွမ်းအားကို ပါးလျသေးသွယ်သည့်
အဆောင်လက်ဖွဲ့အတွင်းသို့ အစီအရင်တစ်ခုလို
ထည့်သွင်းရခြင်းမှာ အလွန်ခက်၏။

ယူရှောင်းမိုက စိတ်ဝိဉာဉ်အားကိုသုံးပြီး
ကျောက်စိမ်းနက်ကို အလွှာပါးပါးလေးတွေဖြစ်အောင်
ဖြတ်လိုက်သည်။

ကျောက်စိမ်းနက်တစ်ခုလုံးက ဘတ်စကတ်ဘော
ဘောလုံးအရွယ်ခန့်ရှိသည်ဖြစ်ရာ
ပစ္စည်းဖြုန်းတီးမှုမဖြစ်စေရေးအတွက်
သူက အပိုင်းအလိုက်ဖြတ်တောက်လိုက်သည်။
ထို့ကြောင့် သူဖြတ်တာ အပိုင်းငါးရာခန့်
ရလေ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now