Chapter-560

6.1K 1.3K 31
                                    

//Unicode//

အပိုင်း(၅၆၀) ပဋိပက္ခ

သူ့လက်ချောင်းပေါ်က နေရာလပ်လက်စွပ်ကို သူတို့မကြည့်ဘဲမနေနိုင်တော့ပေ။

နေရာလပ်လက်စွပ်နှင့် အိတ်ဆောင်နယ်မြေတို့မှာ
ရှားပါးတာခြင်းတူ၏၊ မတူသည်က လက်စွပ်က
သက်မဲ့အရာများကိုသာ သိုလှောင်နိုင်ပြီး
အိတ်ဆောင်နယ်မြေမှာ မည်သည့်အရာကိုမဆို
ထည့်သွင်းထားနိုင်ခြင်းဖြစ်သည်။ ၎င်းက
သက်ရှိအရာများကို သိမ်းဆည်းထားနိုင်ပြီး
စိတ်စွမ်းအင်ရှိကာ အပင်များလည်းစိုက်ပျိုး၍ရနိုင်
သည်။

လူတိုင်းသိချင်စိတ်ပြင်းပြစွာဖြင့်ကြည့်နေမိကြသည်။

သို့သော်ငြားလည်း ထူးဆန်းသည်က
လက်စွပ်ကို ယူကျန်ထျန်းမြင်သည့်အခါ မျက်ခုံးများ
ကျုံ့သွားခဲ့၏။ ထိုလက်စွပ်က သူချောက်ချခဲ့သော
ညီငယ်လေးကိုအမှတ်ရစေသည်။ သွေးစွေးနီမိသားစု
နောက်တက်မယ့်ခေါင်းဆောင်အဖြစ် သူအရွေးချယ်
ခံခဲ့ရစဉ်က အကြီးအကဲများက သူ့အား ယူရှောင်းမို
လက်ထဲရှိလက်စွပ်ကို ပေးခဲ့ကြသည်။

၎င်းလက်စွပ်က ခေါင်းဆောင်ဖြစ်ကြောင်း
အထောက်အထားတစ်ခုမဟုတ်ပေ။ ၎င်းက
ထိုအဘိုးကြီးများထံမှ အားပေးတဲ့သက်သေတစ်ခု
ဖြစ်ပြီး စွမ်းအင်ကျောက်တုံးအတော်များများ
ပါသည်ဟုသာ သူသိထားသည်။

ထိုလက်စွပ်ထဲတွင် စွမ်းအင်ကျောက်တုံးမည်မျှ
ပါသလဲ ယူကျန်ထျန်းမသိသော်ငြား အများကြီးတော့
လောက်ပေ။ အများဆုံး ထိုအဘိုးကြီးများ၏
ကိုယ်ပိုင်စုဆောင်းမှုများသာဖြစ်ပေလိမ့်မည်။
ယူရှောင်းမိုက လက်စွပ်ထဲကနေ
စွမ်းအင်ကျောက်တုံးသန်း၄၀ ထုတ်ယူ
ရေတွက်လိုက်ပြီးနောက် ၁.၈ဘီလီယမ်ပါရှိသော
ကြိုပြင်ထားသည့်မှော်အိတ်များကို
လေလံပစ်သူအား သွားဖြူဖြူလေးများပေါ်အောင်
ပြုံးပြရင်း ကမ်းပေးလိုက်သည်။

"စွမ်းအင်ကျောက်တုံးအကုန်ဒီမှာပဲ တစ်ခုလေးမှ
မလျော့ဘူး၊ မှော်အိတ်သုံးလုံးကိုတော့ လက်ဆောင်
လို့ပဲမှတ်လိုက်ပါ"

လေလံပစ်သူက အချိန်အတော်ကြာယူလိုက်ရပြီးမှ
တုံ့ပြန်လာသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now