Chapter-552

6K 1.2K 81
                                    

//Unicode//

အပိုင်း(၅၅၂) ထင်ယောင်ထင်မှားတစ်ခုထက်မပို

ယူရှောင်းမို လူအုပ်ကြီးနောက်က ပြေးလိုက်သွားစဉ်
သူ့လက်ကြားထဲတွင် လှုပ်စိလှုပ်စိလုပ်နေသော
သတ္တုစားသားရဲလေးကို ဖွဖွပုတ်လိုက်သည်။
ပစ်မှတ်နှင့်နီးလာသည့်အခါ ဟိုတယ်ရှိရာအရပ်
မျက်နှာဘက်ဖြစ်နေသည်ကိုသိလိုက်ရသည်။

ဟိုတယ်က လမ်းများစွာအလယ်မှာဖြစ်၍
ဘက်ပေါင်းစုံမှလာလို့ရနိုင်သည်။ သို့သော်ငြား
ယခုမှာတော့ ပုရွက်ဆိတ်တပ်မတော်ကြီးနှင့်တူသည့်
ကြီးမားလှသောလူအုပ်ကြီးကြောင့်
ပိတ်ဆို့နေသည်။

မည်သည့်အကြောင်းကြောင့်မှန်းမသိသော်ငြား
သားနားလှသောဟိုတယ်က တစ်ဖက်သို့စောင်းရွဲ့
နေသည်။

ရွှမ်းယွီဟိုတယ်မှာတည်းတာဆိုလျှင် သူ
စိတ်ပူမိမည်မဟုတ်၊ သို့ပေမယ့် ရွှမ်းယွီဟိုတယ်က
ရှောင်ယောင်တက္ကသိုလ်နှင့်မနီးသဖြင့် သူက
ဒီတစ်ခုကို အဆင်ပြေအောင်ရွေးခဲ့တာဖြစ်သည်။

ဒီဟိုတယ်ရဲ့နောက်ခံက ရွှမ်းယွီဟိုတယ်လောက်
မကောင်းရာ ပြဿနာဖြစ်သည့်အခါဘယ်သူကမှ
ရှေ့ထွက်ရပ်တည်ပေးကြခြင်းမရှိပေ။

ယူရှောင်းမို လူအုပ်ထဲတိုး၍ ဘာဖြစ်တာလဲ
ကြည့်ချင်ပေမယ့် အဆောက်အဦကြီးကိုဝန်းရံ
ထားသည့်လူအုပ်ကြီးက အလွှာလိုက်အလွှာလိုက်
ဖြစ်နေသည်။ သူ မတိုးနိုင်။

အားနဲ့တိုက်သွားရမလား စိတ်ထဲလွန်ဆွဲနေစဉ်
ဘေးကစကားတစ်ခုက သူ့အာရုံကိုဆွဲဆောင်သွား၏။
အာရုံစိုက်ပြီး နားမစွင့်ဘဲမနေနိုင်ပေ။

"အာ.... ဘယ်သူထင်မှာလဲ...ဘယ်သူထင်မှာလဲ...
လာမယ့်သူကသွေးစွေးနီမိသားစုလို့ ထင်ခဲ့တာ၊
ချီလင်မျိုးနွယ်စုကိုတောင်ထည့်တွက်ခဲ့သေးတယ်၊
ဒါပေမယ့် အဲ့အစားလာတဲ့သူက နတ်ဆိုးဖီးနစ်
မျိုးနွယ်စုဖြစ်နေတယ်လေ"

"ငါနားမလည်ဘူး... ဒါကဖီးနစ်မျိုးနွယ်စုနဲ့
ဘာဆိုင်လို့လဲ"

"မင်းကြည့် မင်းတံခါးပိတ်ကျင့်ကြံနေတုန်းက
ထုံထျန်းတိုက်ကြီးမှာ ထိတ်လန့်ဖွယ်ကောင်းတဲ့
အဖြစ်အပျက်တွေအများကြီးဖြစ်သွားတယ်။
ဒီလူက လင်းရှောင်တဲ့... သူကချီလင်သွေးရော
ဖီးနစ်သွေးရောပါတယ်... ဒါပေမယ့်ဘယ်မျိုးနွယ်စု
ကမှ သူ့ကိုလက်မခံပေးချင်ကြဘူးလေ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now