Chapter-534(part-1)

5.8K 1.1K 9
                                    

//Unicode//

အပိုင်း(၅၃၄) အဖိုးအိုနှင့် ပင်လယ်ပြင်သို့ထွက်ခြင်း

ထျန်းသောက်က မြစ်မြို့မှ
တံငါသည်တစ်ယောက်သည် လောကလိပ်နက်
မျိုးနွယ်များနှင့် အဆက်အသွယ်ရှိပြီး
သူတို့ပိုင်နက်ကိုတောင် သွားလည်ဖူးသည်ဟု
ပြောခဲ့သည်။ သို့သော်လည်း ထိုတံငါသည်က
မည်သူလဲဆိုတာတော့ ဘယ်သူမှမသိတာကြောင့်
သူ့အား သူတို့ဘာသာပဲရှာရမည်ဖြစ်သည်။

ဆိပ်ကမ်းတွင် တံငါသည်များစွာရှိနေပြီး
အချို့မှာပင်လယ်ပြင်မှပြန်ရောက်ကာစ
ဖြစ်ကာ သင်္ဘောပေါ် မှကုန်များချနေသည်။
ကုန်တွေထဲတွင်တော့ လတ်ဆတ်သော
ပုဇွန်နှင့် ငါးများရှိသည်၊ အဆင့်နိမ့်နတ်ဆိုးသားရဲ
လေးတွေတော့မပါပေ။ လှေပိုင်ရှင်တွေက
ငယ်ရွယ်ပြီးတောင့်တင်းတဲ့အမျိုးသားများဖြစ်
သည်။ အသက်ကြီးသူဆိုလို့ လှေတစ်စင်းကို
ကမ်းခြေမှာကျောက်ချနေသော အသက်
ခြောက်ဆယ်ဝန်းကျင်ရှိအဖိုးအိုတစ်ဦးသာ
ရှိလေသည်။

နှစ်ဦးသား အဖိုးအိုဆီလျှောက်သွားလိုက်ကြသည်။

ယူရှောင်းမို အဖိုးအိုအားကြည့်လိုက်သည်။
အဖိုးအိုက သူတို့ကိုမြင်ပါသော်လည်း
အာရုံမထားချေ။

ယူရှောင်းမို မည်သို့စကားစပြောရမည်ကို
စဉ်းစားနေစဉ်တွင် အဖိုးအိုကပြောလာသည်။

"ပင်လယ်ထွက်ဖို့ လှေငှားချင်တာဆိုရင်
မေ့လိုက်တော့၊ မြစ်မြို့ကလူတွေကအပြင်လူတွေကို
လှေမငှားဘူး"
အဖိုးအိုသည် ခေါင်းပင်မော့မကြည့်ဘဲ
စိတ်မဝင်စားစွာပြော၏။

"ကျွန်တော်တို့ လှေငှားမလို့မဟုတ်ပါဘူး
လှေကိုစင်းလုံးငှားချင်တာပါ" ယူရှောင်းမို
အဖိုးအိုကသူတို့ပိုက်ဆံမပေးမှာကို စိုးနေတယ်လို့
ထင်လိုက်သည်။

နောက်ဆုံးတော့ အဖိုးအိုသည်မော့ကြည့်လာ၏။
အရေးအကြောင်းများအပြည့်နှင့် မျက်နှာတွင်
သရော်ပြုံးတစ်ခုရှိနေကာ သူတို့အား
တစ်ချက်ကြည့်ပြီးနောက်စိတ်မပါစွာပြောပြန်သည်။
"စင်းလုံးလည်းမငှားဘူး"

"ဘာလို့လဲဗျ?" ယူရှောင်းမို အံ့ဩတကြီး
မေးလိုက်သည်။

အဖိုးအိုက သူတို့အားနားလည်နေစွာကြည့်လာသည်၊
"လှေငှားမယ်ဆိုတာက ဆင်ခြေသပ်သပ်ပဲ
ဖြစ်နေမှာစိုးပါတယ်၊ မင်းတို့ရည်ရွယ်ချက်က
လောကလိပ်နက်မျိုးနွယ်တွေအကြောင်း
စုံစမ်းဖို့ပဲ ဟုတ်တယ်မလား"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now