Chapter-415

7.4K 1.3K 20
                                    

Unicode
အပိုင်း၄၁၅: အနိုင်ကျင့်ဖို့လွယ်ကူတယ်

မြေအောက်နန်းတော်ရဲ့အဖြစ်အပျက်ပြီးနောက်တွင်
ယူရှောင်းမိုနှင့်ကျန်လူများက ဂျွန်မြို့သို့
ပြန်လာခဲ့ကြသည်။ ရှဲ့ချုံးနှင့်ကျန်သူများကို
သူတို့နယ်မြေထဲမှာမနေခိုင်းတော့ပေ၊ သို့သော်
သူတို့မူလကနေခဲ့သည့် တည်းခိုစားသောက်ဆိုင်သို့
ပြန်မသွားတော့ဘဲ နေရာအသစ်တစ်ခုရှာခဲ့သည်။

ထိုညတွင် လင်းရှောင်ကသူ့နယ်မြေထဲရှိ
ဒြပ်စင်အဆီအနှစ်များကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။
သူတို့ပတ်ပြေးနေပြီးလျှောက်ဖျက်ဆီးတာကနေ တားဆီးဖို့အတွက် ဒီတစ်ခေါက်တော့ သူက ၎င်းတို့ကို
ဘူးထဲတွင်ထည့်ထားလိုက်သည်။

သတ္တုစားသားရဲကတော့ မြေအောက်နန်းတော်မှ
အပြင်ထွက်လာကတည်းက ထွက်မသွားဘဲ
ယူရှောင်းမိုနှင့်လင်းရှောင်ကို တောက်တဲ့ကဲ့သို့
တွယ်ကပ်နေ၏။ ထိုဟာက သူတို့ကသူ့ကို
စွန့်ပစ်မှာကြောက်၍ဖြစ်နိုင်သည်။ ဒါပေမယ့်လည်း
သူတို့ကိုကြည့်သည့်အခါတွင် ၎င်းက ကတ်ချုံးထက်
ပင် ပိုချစ်စရာကောင်းသည့် နှလုံးသားကို
အရည်ပျော်စေနိုင်သောမျက်ရည်အပြည့်မျက်လုံး
များဖြင့် ကြည့်တတ်သည်။

ယူရှောင်းမိုက သူ့ကိုစွန့်ပစ်ဖို့ အစကတည်းက
စိတ်ကူးမရှိခဲ့ပေ၊ ထို့ကြောင့် တစ်ခါတည်း ဆက်နွယ်
စာချုပ်ချုပ်ဆိုလိုက်သည်။

သူတို့ဆက်နွယ်မှုလုပ်ပြီးမှသာလျှင် ယူရှောင်းမိုက
သတ္တုစားသားရဲအကြောင်း နားလည်မှုအချို့
ရသွားတော့သည်။

သတ္တုစားသားရဲက ဒြပ်စင်အဆီအနှစ်နှစ်ခုထက်
နဲနဲလေးသာငယ်သည်။ အတိအကျပြောရရင်
ဒြပ်စင်အဆီအနှစ်နှစ်ခုရဲ့ပေါင်းစပ်စွမ်းအားကြောင့်
၎င်းကို သန္ဓေတည်ခဲ့တာဖြစ်သည်။ သို့သော်
၎င်းကသဘာဝအတိုင်း အသွင်မပြောင်းနိုင်သေး
သောကြောင့် အခုတောင်မှသားရဲပုံစံဖြင့်သာ
ရှိသေးသည်။

ဒါပေမယ့်လည်း သူကအထီးကျန်နေခဲ့ရတယ်လို့
ယူရှောင်းမိုထင်သည်။

မြေအောက်နန်းတော်မှာ အကြာကြီးနေပြီးတဲ့နောက်
၎င်းက နှင်းလိုပဲ အထီးကျန်နေတယ်။ ဒါကြောင့်
သူလိုက်သွားဖို့အတွက် မြေအောက်နန်းတော်ထဲ
ကျူးကျော်ဝင်ရောက်ခဲ့တဲ့
လူတွေထဲကနေ သန်မာတဲ့တစ်စုံတစ်ယောက်ကို
ရှာချင်ခဲ့သည်၊ ပြီးတော့ သူ့ကို....ရွေးချယ်ရင်း
အဆုံးသတ်သွားတယ်?

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now