Chapter-577

6.2K 1.2K 33
                                    

//Unicode//

(၅၇၇) ထွက်ခွာခြင်း

ရွှေတောင်ပံပိုးကောင်များက ယန်ဟွေ့ဘက်က
သတင်းရပြီဖြစ်ကြောင်းပြောပြရန် ပြန်လာခဲ့ခြင်း
ဖြစ်သည်၊ သို့ပေမဲ့ ယူရှောင်းမို အဆင့်တက်နေချိန်နှင့်
တိုက်ဆိုင်သွားသဖြင့် နှစ်နာရီလောက် နှောင့်နှေး
သွားသည်။

သို့ပေမဲ့ သူတို့ရလာသည့်သတင်းမှာ အကုန်
အကောင်းချည်းမဟုတ်ချေ။ ယန်ဟွေ့ဆရာက
တကယ်ပဲ ဆက်သွယ်လာခဲ့ပေမဲ့ သူကိုယ်တိုင်
မဟုတ်ဘဲ လူတစ်ချို့စေလွှတ်လိုက်ခြင်းဖြစ်သည်။

ထိုလူက သန်မာလွန်း၍ ရွှေတောင်ပံပိုးကောင်
နှစ်ကောင်မှာ လူမိသွားမည်စိုးသောကြောင့်
အရမ်းကြီးမကပ်ရဲခဲ့ပေ။

ထို့ကြောင့် သူတို့စကားကိုမကြားလိုက်ရပေ။
ရှောင်ဖုံက ထိုသူထွက်သွားသည့်အခါ နောက်ယောင်
ခံလိုက်ခဲ့ပေမဲ့ လမ်းတစ်ဝက်မှာမျက်ခြေပြတ်သွား
ခဲ့သောကြောင့် ပြန်လှည့်လာခဲ့ရလေသည်။

သို့သော် ထိုလူထွက်သွားသည်နှင့် ယန်ဟွေ့လည်း
အပြင်ထွက်သွားခဲ့သည်။

ကူမာမျိုးနွယ်စု၏ဌာနချုပ်က ဝူရှန်မြို့အနောက်
တောင်တစ်လုံးသာခြားပြီး တည်ရှိကာ
မြို့တစ်စိတ်တစ်ပိုင်းဟု မှတ်ယူလို့ရသည်။
၎င်းမျိုးနွယ်စုက ကြီးမားသောမျိုးနွယ်စုကြီးပင်။

ယန်ဟွေ့က ဌာနချုပ်ထဲဝင်လာပြီးနောက်
ကူမာမျိုးနွယ်စုအကြီးအကဲများထံ တန်းသွားသည်။
သူ့တွ​င် သွားလာခွင့်တုံကင်တစ်ခုရှိသဖြင့် လမ်း
တစ်လျှောက်လုံး စစ်ဆေးမေးမြန်းခြင်းမခံရပေ။

ဌာနချုပ်ထဲမှာ ပညာရှင်များစွာရှိသဖြင့်
ရှောင်ဖင်းလည်း ခဏလောက်ကြာသည်အထိ
လိုက်ကြည့်နေပြီးနောက်ပြန်ထွက်ခဲ့ရသည်။ သို့သော်
ရှောင်ဖင်းက ပါးနပ်စွာဖြင့် ဌာနချုုပ်အပြင်မှာ
ယန်ဟွေ့ပြန်ထွက်လာသည်အထိ စောင့်ပြီး
သူနှင့်အတူစံအိမ်ထိပြန်လိုက်ခဲ့သည်။

စံအိမ်သို့ ယန်ဟွေ့ပြန်ရောက်လာပြီးနောက်
စုလန် ကျင့်ကြံရာအခန်းဆီ တန်းသွားလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now