Chapter-493

6.3K 1.2K 132
                                    

Unicode

အပိုင်း၄၉၃- ပွက်လောရိုက်ခြင်း

ဘဏ္ဍာတိုက်က စတုရန်းမီတာတစ်ထောင်ခန့်
ကြီးမားပြီး စီစီရီရီ စီထားသည့်စင်ပေါင်း
မြောက်မြားစွာ ရှိနေသည်။ စင်များတွင်
ရှင်းလော့မြို့အရှင် နေရာပေါင်းစုံမှ
သိမ်းပိုက်ထားသည့် မှော်ဆေးပင်များ ၊
မှော်​ဆေးလုံးများ ၊ ကျင့်စဉ်စာလိပ်များ ၊
အဆင့်မြင့်နတ်ဆိုးသားရဲများ၏အရေခွံများ ၊
ရှားပါးစိတ်ဝိဉာဉ်သစ်သီးများ ၊ စိတ်ဝိဉာဉ်ဝိုင်
စသဖြင့် ပြည့်နှက်နေ၏။

သတ္တုစားသားရဲလေး စင်တစ်စင်ပေါ်
ကျင်ကျင်လည်လည်ခုန်တက်လိုက်ပြီး
နီလာပြာရောင်မျက်လုံးများက ရတနာများကို
အကဲဖြတ်နေသည့်အလား ရောင်ပြန်ဟပ်
နေသည်။

နဂါးသွေးဆိုသည်မှာ ကျောက်စိမ်းပုလင်းထဲ၌သာ
သိမ်းထား၍ရသည့် အရည်တစ်မျိုးဖြစ်သည်၊
သို့ပေမယ့် ကျောက်စိမ်းသေတ္တာထဲတွင်လည်း
သိမ်းထားလို့ရနိုင်သည်။ သူတို့သခင်ငတုံးက ဒီလို
ပြောခဲ့တာကြောင့် သူတို့ပန်းတိုင်က
ကျောက်စိမ်းပုလင်းများနှင့် ကျောက်စိမ်းသေတ္တာ
များ ဖြစ်သည်။

သို့သော်ငြား သတ္တုစားသားရဲလေးအမြင်မှာတော့
ကျောက်စိမ်းသေတ္တာတွေ ပုလင်းတွေက
အခုနှစ်ရာမရှိရင်တောင် အနဲဆုံးတော့
တစ်ရာလောက်ရှိနေသည်။ ပမာဏက
များပြားလွန်းကာ တစ်ခုချင်းစီလိုက်စစ်နေရရင်
သူတို့ပြီးဖို့ တစ်ရက်လောက်အချိန်ယူရပေမည်။

အဲ့လိုဆိုမှတော့လည်း........

​ရှောင်ဖင်း ရတနာအပုံကြီးတစ်ပုံထဲကနေ
မှော်အိတ်တစ်လုံးတွေ့သွားပြီး ပါးစပ်နဲ့
ကိုက်ချီလိုက်ကာ စင်တစ်စင်ဆီပျံသွားလိုက်
သည်။ မှော်အိတ်ကို အဆင်သင့်ပြင်လိုက်ပြီးနောက်
စင်ပေါ် ရှိရတနာများကို တစ်ခုပြီးတစ်ခု
ထည့်လိုက်၏။ ၎င်းမှာ သေးငယ်သော်ငြား
အားတော်တော်ရှိလေသည်။

သူလုပ်တာမြင်တော့ သတ္တုစားသားရဲလေးရဲ့
မျက်လုံးတွေ လက်သွားသည်။

သူက တော်တော်လေးကြီးတာကြောင့်
ရတနာသိမ်းတဲ့နှုန်းက ရှောင်ဖင်းထက်
နည်းနည်းလောက်ပိုမြန်လေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now