Chapter-474

6.2K 1.2K 49
                                    

Unicode
အပိုင်း၄၇၄- ရည်ရွယ်ချက်အောင်မြင်ခြင်း

ကျန့်ယွီရွှမ်းစကားများမှာ အခြေအမြစ်မရှိချေ။
ဝေ့ပိုင်မှာကျန်းမာ​ရေးညံ့သည်
ဖြစ်ရာ ထိုနေရာကိုသွားရန်မဖြစ်နိုင်ပေ။
ထို့အပြင် ဤနေရာမှလူများမှာ အခြားသူရဲ့
နာမည်ကောင်းကိုအခွင့်ယူပြီးမှသာ
တက်ရောက်နိုင်ခြင်းဖြစ်သည်။ သူတို့အားလုံးက
ဂုဏ်သတင်းမရှိတဲ့လူတွေပါဆို ဘယ်သူက
အရေးလုပ်နေမလဲ?

ကျန့်ယွီရွှမ်းက မတွေးဘဲလျှောက်ပြောလိုက်ခြင်း
ဖြစ်သည်။ ကံဆိုးစွာ၊ သွေးစွေးနီကလန်မှ
တပည့်က ယုံကြည်သွားပြီး လူကိုပင်
ခေါ် သွားလိုက်သေးသည်။ သူ့ကိုရိုးသားတယ်လို့
ပြောရမယ့်အစား ဦးနှောက်မရှိတာလို့
ပြောသင့်၏။

ဒါက ယူကျန်ထျန်းနဲ့ကျန်သူတွေက စိတ်အေး
လွန်းနေတာကြောင့် ဖုန်းချီယွင်ကိုကြည့်ထားဖို့
တပည့်တစ်ဦးတည်းသာလွှတ်ထားခြင်းလဲ
ဖြစ်နိုင်သည်။ ထို့ပြင် ဖုန်းချီယွင်ရဲ့
လက်ရှိအခြေအနေရ ထွက်ပြေးသွားမှာကို
ပူစရာမလိုသည်လေ။

ယင်ကောက လုပ်စရာရှိသလိုဟန်ဆောင်လိုက်ပြီး
ပွဲပြီးခါနီးတွင် ထွက်သွားလေသည်။

ယင်ကောနှင့်ကျန့်ယွီရွှမ်းက စကားတစ်ခွန်းမှ
မပြောခဲ့ဘဲ အတူတူထိုင်နေခြင်းလည်း
မဟုတ်တာကြောင့် သူတို့ကတစ်ဖွဲ့တည်းဆိုတာကို
ဘယ်သူမှမသိကြပေ။

ယင်ကောရဲ့ထွက်ခွာသွားခြင်းက
ဘယ်သူ့အာရုံစိုက်မှုမှ မရလိုက်ချေ။

မြေကွက်လပ်ပတ်လည်၌ ချန်မဟာမိတ်မှ
လူများရှိကြသည်။ သို့သော် သူက
တားမြစ်ထားသည့်နယ်မြေဘက် သွားနေခြင်း
မဟုတ်တာကြောင့် အစောင့်များက
မတားကြပေ။

သူ့ကိုတွေ့သွားမှာကြောက်တာကြောင့်
ဖုန်းချီယွင်ကိုခေါ် သွားသည့်လူငယ်က
လူကြဲတဲ့နေရာတစ်ခုကိုရွေးလိုက်သည်မို့
ယင်ကောအတွက် အဆင်ပြေသွား၏။
သူ့ရဲ့ဆင့်ခေါ် မြွေထားခဲ့တဲ့လမ်းကြောင်းအတိုင်း
လိုက်သွားပြီး ရှာဖွေကြည့်နေတဲ့အချိန်မှာ
လူငယ်က ဖုန်းချီယွင်နဲ့အတူ ကျောက်သစ်တော
ထဲမှထွက်လာသည်။ ပွဲပြီးတော့မယ်ထင်တာကြောင့်
သူက ဖုန်းချီယွင်ကိုပြန်ခေါ် သွားဖို့
ပြင်နေခြင်းဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now