Chapter-485

6K 1.2K 28
                                    

Unicode
အပိုင်း၄၈၅- စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး
မဆုံးဖြတ်နဲ့

အရင်နှစ်များတုန်းက ချင်ဖုန်းဂိုဏ်းသည်
အဆင့်သုံးဆေးပင်များ ရင့်မှည့်မည့်အချိန်
နောက်နှစ်လကြာတွင်လာရောက်
သိမ်းယူတတ်ကြသည်။ သို့ပေမယ့်
ယခုနှစ်တွင်တော့ နှစ်လစောရောက်လာကြ
လေသည်။

ယူရှောင်းမို အနည်းငယ်အံ့အားသင့်မိသည်။

သူတို့ကိုတွေ့လိုက်ရသည့်အခါ ဝမ်ကုံးသည်
အလွန်တရာရန်လိုလာတော့သည်။
သူ့မျက်လုံးများက ကျဉ်းမြောင်းသွားကာ
သူဘာတွေးနေလဲတော့ မပြောနိုင်ပေမယ့်
ထိုထဲမှ လူသတ်ချင်သည့်အရောင်ကိုတော့
ယူရှောင်းမိုမြင်နေရတယ်။

ဟူရွာ၌ လူနှစ်ယောက်သာကျန်တော့သည့်ကို
မြင်သည့်အခါ ချင်ဖုန်းဂိုဏ်းသားများမှာ
အလွန်ထိတ်လန့်အံ့ဩသွား၏။

ချင်ဖုန်းဂိုဏ်းက စောရောက်မယ်လို့
ရွာသားတွေကြားလို့ထွက်ပြေးသွားတယ်လို့
သူတို့ထင်လိုက်ပေမယ့် လယ်ကွင်းတွေထဲမှာ
မှော်ဆေးပင်တွေရှိနေဆဲပဲဆိုတာ
မြင်လိုက်ရတော့ ပိုလို့တောင်နားမလည်တော့ချေ။

ဟူရွာတွင် မိသားစုနှစ်ရာခန့်ကျန်သည်ဖြစ်ကာ
မိသားစုအကုန်လုံးနီးပါးက ဘာတစ်ခုမှ
မထားခဲ့ဘဲပြောင်းရွှေ့သွားကြပြီဖြစ်သည်။
သာမညောင်ညသေမျိုးများ၏လုပ်ပုံကိုင်ပုံနှင့်
ဆိုလျှင် ကြိုတင်ပြင်ဆင်ထား၍မဟုတ်လျှင်
လျင်လျင်မြန်မြန်ကြီးရွှေ့ပြောင်းနိုင်မည်
မဟုတ်ပေ။ ထို့ပြင်ရှိသေးသည်က
သူတို့စောသွားရန်အမိန့်များက မနေ့ကမှ
ရခဲ့ခြင်းဖြစ်၏။

သို့ပေမယ့်လည်း ထိုသံသယက ခဏအကြာတွင်
ပျောက်ကွယ်သွားတော့သည်။ ချင်ဖုန်းဂိုဏ်းသား
များက မှော်ဆေးပင်တွေကိုသာ
အာရုံစိုက်လိုက်တော့သည်။

ဟူရွာကသာမာန်လူတွေထွက်သွားကြတာ
ပိုကောင်းတယ်။ မှော်ဆေးပင်များပြန်သယ်သွားရုံနှင့်
သူတို့တာဝန်ပြီးပြီဖြစ်သည်။
သလင်းဒင်္ဂါးတစ်ပြားပင်ထုတ်စရာမလိုတော့ချေ။

ဟူရွာသည် လူသားများနေထိုင်ရာရွာဖြစ်၏။
တိုက်ခိုက်နိုင်စွမ်းမရှိသည့်သာမာန်လူများကို
ကိုင်တွယ်ရန် လူအများကြီးလွှတ်နေစရာ
မလိုပေ၊ သို့ဖြစ်၍ ချင်ဖုန်းဂိုဏ်းက
အဆင့်နိမ့်မှော်ဆရာတစ်ယောက်အပါအဝင်
လူငါးဦးပဲလွှတ်လိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now