Chapter-534(part-2)

5.3K 1K 7
                                    

//Unicode//

အချိန်ကျသည်နှင့် ကုန်သင်္ဘောကြီးနှစ်စင်းသည်
ပင်လယ်ပြင်သို့ စတင်ရွက်လွှင့်တော့၏။
အစတွင် မြေပြန့်ပြန့်ပေါ်မှာနေရသလို
ရှိသော်လည်း တံငါသည်တွေငါးဖမ်းလေ့ရှိသော
နေရာကိုကျော်လာသည်နှင့် ပင်လယ်ပြင်က
ရုတ်တရက်ဆိုသလို လှိုင်းထန်လာကာ
သင်္ဘောကိုယ်ထည်က အနည်းငယ်လွှဲရမ်းလာ
သည်။

ကုန်သိုလှောင်ခန်းထဲက ယူရှောင်းမိုမှာ
သင်္ဘောလှုပ်ရမ်းနေတာကိုခံစားနေရလေသည်။
ကုန်သင်္ဘောကြီးနဲ့တောင်မှ လှိုင်းဒဏ်ခံနေရသည်
ဖြစ်ရာ အဖိုးအိုကသူတို့အားလှေနဲ့
သွားခွင့်မပြုတာ မဆန်းတော့ချေ။
ဤနေရာတစ်ဝိုက်ရောက်သည်နှင့်
လှေပျက်စီးသွားမည်အား အဖိုးအိုက
စိုးရိမ်နေခြင်းဖြစ်ပေသည်။

သူတို့ သင်္ဘောပေါ် မတက်ခင်ကအဖိုးအိုက
ဂရုစိုက်ရမည့်ကိစ္စအနည်းငယ် ပြောခဲ့သည်။

ကုန်တင်သင်္ဘောက သူတို့အားနေဖို့အခန်းတစ်ခန်း
ပေးမည်ဖြစ်သော်လည်း စားစရာတော့
ထောက်ပံ့မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့
မစားပဲလည်းနေလို့ရသလို ကိုယ့်ဘာကိုယ်ပဲ
ချက်စားလို့လည်းရသည်၊ သို့တည်းမဟုတ်
ပိုက်ဆံပေးခိုင်းလို့ရလေသည်။ ထိုအခါ
စားဖိုမှူးက ချက်ပြုတ်ပေးမည်ဖြစ်၏။

မြစ်မြို့မှ ဝေလငါးကျွန်းသို့ဆယ်ရက်ခန့်
ကြာမြင့်လေ့ရှိသည်။ သူတို့အတွက်အရေးသာမယ့်
ပင်လယ်ရေစီးကြောင်းတွေနဲ့ ဆုံခဲ့ရရင်တော့
ငါးရက်အတွင်းရောက်နိုင်လိမ့်မည်။
မြစ်မြို့ကလူတွေက ဒီတစ်ခေါက်ခရီးစဉ်အတွက်
ကြာချိန်ကိုကြိုတင်တွက်ချက်ထားကြ၏။

ယူရှောင်းမိုနဲ့ လင်းရှောင်သင်္ဘောကုန်တင်ခန်းမှ
လမ်းလျှောက်ထွက်လာခဲ့သည်။ ပင်လယ်ပြင်က
ပိန်းပိတ်အောင်မှောင်နေ၏။ ကုန်တင်သင်္ဘော
ဆီမှ အလင်းရောင်ကလွဲ၍ ပတ်ပတ်လည်သည်
မှောင်မည်းပြီးအရမ်းကို တိတ်ဆိတ်ငြိမ်သက်နေ
ပေသည်။

သင်္ဘောသားတွေဟာ အနားမယူကြသေးဘဲ
ပင်လယ်ပြင်အားတည်တည်ငြိမ်ငြိမ်နဲ့ ကြည့်
နေကြဆဲဖြစ်လေသည်။ သူတို့က သင်္ဘော
ကပ္ပတိန်မှအမိန့်ပေးမှသာ လှုပ်ရှားကြ၏။
သင်္ဘောကိုယ်ထည်သည် လက်ယာဘက်သို့
ဖြည်းဖြည်းချင်းလှည့်သွားသည်။
ဆယ်စက္ကန့်ကြာပြီးတဲ့နောက်တွင် သင်္ဘောရဲ့
အမြန်နှုန်းက သိသိသာသာပင်တိုးလာလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now