Chapter-547

6.2K 1.2K 71
                                    

//Unicode//

အပိုင်း(၅၄၇) အချမ်းသာဆုံးသော

လူတိုင်း စိတ်အားထက်သန်စွာ ပြောဆိုဆွေးနွေး
နေကြစဉ်တွင် တည်းခိုခန်းအတွင်းသို့
ကျီးကန်းနက်တစ်ကောင် ရုတ်တရက်
ပျံသန်းဝင်ရောက်လာ၏။ ကျီးကန်းနက်က
ယူရှောင်းမိုတို့စားပွဲတွင် ဖြည်းညင်းစွာ
ဆင်းသက်လိုက်သည်။

ကျီးကန်းနက် ပေါ်လာသည့်အခါ
တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်
သွားသည်။

ပင့်ကူနက်ကိုသိသောမည်သူမဆို သူတို့တွင်
သင်္ကေတနှစ်ခုရှိတာကိုသိကြသည်။
တစ်ခုက အဖွဲ့ဝင်တိုင်း၏ကိုယ်ပေါ်တွင်
တက်တူးထိုးထားသည့် ခြေထောက်ရှစ်ချောင်းပါ
ပင့်ကူနက်ဖြစ်သည်။ နောက်တစ်ခုသည် သူတို့၏
စာပို့သမား ကျီးကန်းနက်ပင်ဖြစ်၏။ ထို့အပြင်
ကျီးကန်းနက်သည် သေခြင်းကိုလည်းကိုယ်စားပြု
၏။ ကျီးကန်းနက်ဟာ စာပို့ပေးဖို့ရောက်လာခြင်း
မဟုတ်ပါက တစ်စုံတစ်ဦးဟာသေရတော့မည်ဟု
ဆိုလိုလေသည်။

သို့ဖြစ်၍ လူအများစုမှာကြက်သီးတဖြန်းဖြန်း
ထကုန်ကြသည်။

"ဘုရားရေ...သူတို့ ပင့်ကူနက်ကိုရန်စခဲ့မိတာလား"

မတိုင်ခင်က ပင့်ကူနက်အကြောင်းဆွေးနွေးနေခဲ့
ကြသောလူများမှာ အထိတ်တလန့်အော်ဟစ်
လိုက်ပြီး ဇီးနက်ပင်မြို့လေးကဲ့သို့ဘောင်မဝင်သည့်
နေရာမျိုးတွင် ကျီးကန်းနက်ကိုမြင်လိုက်ရရာ
၎င်းက သေဆုံးခြင်းနိမိတ်ဟုတွေးထင်မိကြသည်။

ကျီးကန်းနက်သည် ယူရှောင်းမို၏စားပွဲမှာ
နားခဲ့၏။ ဆိုလိုသည်က ပစ်မှတ်ကထိုသုံးဦးထဲမှ
တစ်ဦး သို့တည်းမဟုတ် သုံးဦးစလုံးလည်း
ဖြစ်နိုင်လေသည်။

ကျီးကန်းနက်က ယူရှောင်းမိုကိုလန့်သွားစေခဲ့ပြီး
သူတို့ပြောတာကိုကြားတော့ ပိုပြီးတောင်
လန့်သွားသည်။ သူတို့က အခုလေးမှကျုံထျန်းကို
ပြန်ရောက်လာတာဖြစ်သည်။ ပင့်ကူနက်က
ဘယ်လိုလုပ် သူတို့လှုပ်ရှားမှုတွေကိုသိနေတာလဲ?
ပြီးတော့ ကျီးကန်းတစ်ကောင်ကလည်း
လာရှာသေးတယ်?

"မဟုတ်ဘူး ဒါကစာပို့ကျီးကန်းနက်ပဲ။
သူ့ညာဘက်ခြေထောက်မှာတစ်ခုခုရှိနေတယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now