Chapter-579

6.2K 1.2K 57
                                    

//Unicode//

(၅၇၉)တုံ့ယွီ(လိုဏ်ဂူဒေသ)

တစ္ဆေသင်္ချိုင်းတောင်တန်း၊ တစ္ဆေငိုညည်း
တောင်ကလပ်တွင်။

ယခင်က လွှတ်လိုက်သည့် ယူရှောင်းမို၏
ချုံအသင်းသားအားလုံးနီးပါး တစ္ဆေငိုညည်း
တောင်ကလပ်မှာ စုစည်းနေကြသည်၊
လောဘဝံပုလွေအား လိုက်ရှာနေသည့် လန်ချုံး
အပါအဝင်ပင်။ သူ၏ ကျန်ညီအစ်ကိုငါးယောက်
သည်လည်း သူနှင့်အတူ လိုက်ပါလာကြ၏။

လောဘဝံပုလွေ၏ အသက်သလင်းကို
ပင့်ကူနက်လေလံပွဲမှာ ရောင်းချခဲ့သည်ဟု
ကြားရစဉ်က ညီအစ်ကိုခြောက်ယောက်စလုံး
ရူးသွပ်သွားတော့မတတ်ပင်။ ထို့နောက်တွင်
လေလံဆွဲသွားသူမှာ သူ့သခင်ဖြစ်ကြောင်း
လန်ချုံး သိလိုက်ရပြီး ချက်ချင်းစိတ်အေးသွားကာ
အဆင်ပြေမှာပါဟု သူ၏ ကျန်ညီအစ်ကိုများကို
နှစ်သိမ့်ပေးလိုက်သည်။

သို့သော်ငြားလည်း လောဘဝံပုလွေအတွက်
လက်စားမချေဘဲတော့ မနေနိုင်ပေ။

သံသယဖြစ်ဖွယ်အကောင်းဆုံးမှာ ပင့်ကူနက်ပင်။
ပင့်ကူနက်က မျှတ၊ တရားဝင်သည့်လေလံပွဲဟု
ထင်ရသော်လည်း ထိုလူများက စက်ဆုပ်ဖွယ်
ကောင်းလှသည်။ သူတို့၏ လေလံပစ္စည်းများစွာက
မတရားသဖြင့် ရရှိလာသည်များ ဖြစ်ကာ
လောဘဝံပုလွေ၏ သေဆုံးခြင်းကလည်း သူတို့နှင့်
ပတ်သက်နေဖို့ များသည်။

ဒါက ယေဘုယျသိထားသည့်အချက်ဖြစ်သည်။

ပြစ်မျိုးခုနစ်ဖြာသားရဲများသည် ထူးခြားသည့်
ရှေးဟောင်း နတ်ဆိုးသားရဲများဖြစ်ကြပြီး
သူတို့၏ အသက်သလင်းကလည်း ထိုနည်း၎င်းပင်။

လူသားဖြစ်စေ နတ်ဆိုးသားရဲဖြစ်စေ
လောဘဝံပုလွေ၏ အသက်သလင်းကို
စုပ်ယူလိုက်ပါက နောက်လောဘဝံပုလွေအသစ်
မမွေးဖွားခင်အထိ လောဘဝံပုလွေ၏အရှိန်အဝါကို
ရရှိမည်ဖြစ်သည်။

သေချင်နေ၍မှ မဟုတ်လျှင် လောဘဝံပုလွေ၏
အသက်သလင်းကို မည်သူမှ စုပ်ယူရဲကြမည်
မဟုတ်ပေ။

ထို့ကြောင့်ပင် ပင့်ကူနက်က ၎င်းကိုလေလံတင်ခဲ့ခြင်း
ဖြစ်သည်။ သူတို့ကိုယ်တိုင် အသုံးပြု၍မရသလို
ဒီတိုင်းထားထားလည်း အကျိုးမရှိသဖြင့်
အမြတ်ရဖို့နှင့် တစ်ခြားလူပေါ် အပြစ်ပုံချဖို့
ရောင်းထုတ်ပစ်လိုက်ခဲ့သည်— သူတို့သာ
လောဘဝံပုလွေကို သတ်ပစ်ခဲ့လျှင် ထိုကဲ့သို့
ဖြစ်မည်ပင်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now