Chapter-417

6.7K 1.3K 21
                                    

Unicode
အပိုင်း၄၁၇: ကျိုးပျက်သွားသောစံချိန်

စမ်းသပ်မှုအင်ဂျင်နီယာက သတိပြန်ဝင်လာသည်။
သူက မကောင်းဆိုးဝါးတစ်ကောင်ကိုတွေ့လိုက်ရ
သကဲ့သို့ ယူရှောင်းမိုကိုကြည့်လိုက်သည်။
ဘာလို့လဲဆိုတော့ ကျောက်ပြားပေါ်မှာသူချန်ထားခဲ့
တဲ့အမှတ်ရာက အနက်ဆုံးဖြစ်နေ၍ပင်။ ထိုအရာမှာ
အရင်ကစံချိန်ထက်ပင် ပိုနက်၏။

မှော်ဆရာတိုင်းက အဆင့်စမ်းသပ်ချက်အတွက်
မှော်ဆရာအစည်းအရုံးကိုသွားစရာမလိုသော်လည်း
ရှောင်ယောင်တက္ကသိုလ်သို့ဝင်ရောက်ရန်အတွက်
ဆိုရင်တော့ သွားရန်လိုအပ်သည်။ ထိုမှော်ဆရာ
များအနက်မှ ပါရမီရှင်ဟုတင်စားခံခဲ့ရသည့်
သူများရှိ၏၊ ဒါတောင်မှ သူတို့ရလဒ်များက
ဤတစ်ခုနှင့်ယှဉ်လျှင် တိုတောင်းသည်ဟု
ထင်ရဆဲပင်။

စမ်းသပ်မှုအင်ဂျင်နီယာက အပြီးသတ်တိုင်းတာမှုကို
ယူလိုက်ပြီး ကျောက်ပြားပေါ်တွင်
ယူရှောင်းမိုချန်ခဲ့တဲ့အမှတ်က 4.7စင်တီမီတာ
(1.85 လက်မ) နက်ကြောင်း
အတည်ပြုလိုက်သည်။

ဒီစံချိန်က ဆယ်စုနှစ်အနဲငယ်ကျော်ကြာနေပြီ
ဖြစ်သည့် ကျောက်ပြားစံချိန်ကို တစ်ခါတည်း
ချိုးသွားသည်။ အရင်ကဟာထက် 1စင်တီမီတာ
(0.4လက်မ)ပိုနက်ပြီး အချိန်တော်တော်ကြာတဲ့အထိ
ဒီစံချိန်ကိုချိုးနိုင်မည့်သူ ရှိလာမယ့်ပုံမပေါ်ပေ။

ယူရှောင်းမိုက သာမာန်အဆင့်မြင့်မှော်ဆရာ
တစ်ယောက်မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ
သူ့သဘောထားက ပိုမိုလေးစားသည့်အမူအရာသို့
ပြောင်းလဲသွားတော့သည်။ သူက တံဆိပ်ရဲ့
လုပ်ဆောင်ချက်တွေကို ရှင်းပြနေရင်း
အဆင့်မြင့်တံဆိပ်တစ်ခုထုတ်ပေးလိုက်သည်။

မှော်ဆရာအစည်းအရုံး၏တံဆိပ်များကို
အဆင့်နိမ့်၊ အလယ်အလတ်ဆင့်၊ အဆင့်မြင့် ဟူ၍
သုံးမျိုးခွဲခြားထားသည်။ မီးခိုးပြာရောင်၊
အညိုရောင်၊ အနက်ရောင် ဟူသည့်အစဉ်အတိုင်း
သက်ဆိုင်ရာ အရောင်သုံးမျိုးလဲ ရှိသေးသည်။
ယူရှောင်းမိုကို ပေးလိုက်သည့်တစ်ခုက
အနက်ရောင်ဖြစ်၏။

တံဆိပ်ကို နာမည်စာရင်းသွင်းခြင်းအတွက်အပြင်
ဗဟိုမြို့တော်ရှိစျေးဆိုင်တစ်ချို့တွင်
လျှော့စျေးရရန်အတွက် အသုံးပြုနိုင်သေးသည်။
အဆင့်မြင့်လေ လျှော့စျေးပိုများလေဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now