Chapter-525

5.5K 1.1K 25
                                    

//Unicode//

အပိုင်း ၅၂၅- သိသွားပြီ

လင်းရှောင် သွေးကျောက်စိမ်းကိုထုတ်လိုက်တဲ့အခါ
လူတစ်ယောက်အသံက သူ့စိတ်မှာပေါ် လာသည်။
ဒီတစ်ခါက အရင်ကအခေါက်တွေထက်
ပို၍ရှင်းလင်းပီသနေ၏၊
"ရှောင်အာ... မင်းအခုဘယ်မှာလဲ?"

လင်းရှောင် မျက်ခုံးတွေပင့်တက်သွားသည်။
ဦးလေးကုကပြန်ရောက်နေပြီလား?

သူ ယူရှောင်းမိုကိုကြည့်လိုက်သည်။
ဆေးလုံးဖန်တီးရန် နောက်ဆုံးအပိုင်းသို့
ရောက်နေပြီဖြစ်ရာ လူတွေအများကြီးရှိနေရင်
ယူရှောင်းမိုဆေးလုံးဖော်တာကိုအနှောင့်အယှက်
ဖြစ်နိုင်သည်။

လင်းရှောင် ဒါကိုတွေးမိပြီးပြန်ဖြေလိုက်တယ်၊
"ဦးလေးကု ကျွန်တော်အခု
တစ္ဆေသင်္ချိုင်းတောင်တန်းမှာ"

"ဒီကိုရောက်နေပြီဆိုမှတော့ ဘာလို့အခုထိ
မလာသေးတာလဲ"

ဦးလေးကုက သူ့ကိုစမ်းသပ်နေတာကို
လင်းရှောင်သိသည်၊ သူရယ်လိုက်ပြီး
"အိုး သိပ်အရေးမကြီးတာတစ်ခုဖြစ်သွားလို့ပါ၊
ဒါပေမယ်​ ဒီနေ့တော့ပြီးလောက်မယ်ထင်တယ်။
အဲ့ဒါပြီးရင် ဦးလေးရှေ့မှာတန်းပေါ် လာခဲ့ပါ့မယ်"

"တန်းပြီး!?"

"အင်း!"

သူ မျက်မှောင်မကြုံ့ဘဲမနေနိုင်တော့ပေ။
လင်းရှောင်ရဲ့စကားတိုင်းက အမြဲလိုလို
အဓိပ္ပါယ်နှစ်ခွရှိတယ်လို့ ခံစားရသည်။
တစ္ဆေသင်္ချိုင်းတောင်တန်းတွင် တစ္ဆေငိုညည်း​
တောင်ကလပ်မှာ ဘွားကနဲပေါ် လာဖို့ရန်
မဖြစ်နိုင်။ ဒါပေမယ့် သူလင်းရှောင်ကို
နားလည်ပြီး သူကတစ်ရာရာခိုင်နှုန်းအပြည့်
ယုံကြည်ချက်ရှိလို့မှမဟုတ်ရင် ကြွားဝါ
ပြောတတ်သူမျိုးမဟုတ်တာကိုလည်း သူသိသည်။

"ခေါင်းဆောင် တစ်ခုခုဖြစ်လို့လား?"
သူ့မျက်ခုံးတွေ ထိလုမတတ်ဖြစ်နေတာကို
တွေ့တော့ထျန်းသောက်က မေးကြည့်လိုက်သည်။

ချက်ချင်းပဲ ထျန်းဟန်ကအထင်သေးစွာနှင့်၊
"ခေါင်းဆောင် သခင်လေးက တကယ်ပဲ
လူတွေကိုအမြင်သစ်ဖြစ်စေတာပါ့၊
တစ္ဆေသင်္ချိုင်းတောင်တန်းတစ်နေရာရာမှာ
ထောင်ချောက်မိနေလို့ ကျွန်တော်တို့ကို
လာကယ်ခိုင်းစေချင်တာတော့မဟုတ်ပါဘူးနော်?"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now